Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

ဇူလိုင် ၂၇ ရက်က မင်း​အောင်လှိုင်အိမ်ကို ရောင်းချရာတွင် နောက်ဆုံးကျန်သည့် ရှယ်ယာ၁၂,၀၀၀ကို (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁. ၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့အထိ၊ ဆယ်ရက်ရောင်းချသွားမည်ဟု NUGက ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်
အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

အာဏာသိမ်းစစ်​​ခေါင်း​ဆောင်သိမ်းယူထား​သောအင်းလျားလမ်းအမှတ်၁၄နေအိမ်၏ရှယ်ယာအားလုံးကိုယ​နေ့(ဇူလိုင် ၃၀) နေ့ခင်းတွင်ရောင်းကုန်သွားဖြစ်ကြောင်းရှယ်ယာရောင်းချပေးနေသည့်ကိုယ်စားလှယ်များက​ပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်နေအိမ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဒေါ်လာ၁၀သန်းတန်ဖိုးရှိအစုရှယ်ယာတစ်သိန်းကိုမေလ ၅ ရက်ကစတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက် နေ့လယ် ၁ နာရီကျော်တွင် ရှယ်ယာအားလုံးရောင်းထွက်သွားခြင်းဖြစ်သည်ဟုဟုအထက်ပါကိုယ်စားလှယ်များက​ပြောသည်။

အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်
အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

““ပြည်သူသာ အဓိက” ဆိုတဲ့ အတိုင်း ပြည်သူ့အားသာ မပါရင် နွေဦးတော်လှန်ရေးဟာ ဒီအထိ မရောက်လာနိုင်ပါဘူး။ အခုလည်း ပြည်သူရဲ့ ညီညွတ်စိတ်၊အာဏာရှင်စနစ်ကိုအဆုံးသတ်ချင်စိတ် တို့ကို ၁၄ အင်းလျားမှာ တစ်ခါ ထပ်ပြလိုက်ပါပြီ။”ဟု အဆိုပါရှယ်ယာရောင်းချနေသည့် EODအဖွဲ့ကရှယ်ယာများအကုန်​ရောင်းချပြီး​နောက်ထုတ်ပြန်သည်။

ဇူလိုင် ၂၇ ရက်က မင်း​အောင်လှိုင်အိမ်ကို ရောင်းချရာတွင် နောက်ဆုံးကျန်သည့် ရှယ်ယာ၁၂,၀၀၀ကို (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁. ၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့အထိ၊ ဆယ်ရက်ရောင်းချသွားမည်ဟု NUGက ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။

ထိုသို့ကြေညာပြီး လေးရက်မြောက်နေ့တွင်ပင် ရှယ်ယာအားလုံးရောင်းကုန်သွားခြင်းဖြစ်သည်။

“တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့အရေးကြီးတဲ့ဘဏ္ဍာငွေအတွက်ပါဝင်ထောက်ပို့ကြတဲ့ဝယ်ယူသူများ၊EODကိုယ်စားလှယ်များကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်”ဟုEODကထုတ်ပြန်သည်။

ဆက်လက်၍လည်း EODက”End of Dictatorship ဆိုတဲ့ နာမည်နဲ့ အညီ အာဏာရှင်နိဂုံး အဆုံးမသတ်မချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်လို့ နောက်ထပ် ပရောဂျက်များ မကြာခင် စတင်ပါမယ်။ ပြည်သူက ပူးပေါင်းပါဝင်ကြမယ်လို့လည်း ယုံကြည်ပါတယ်”ဟု အသိ​ပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မင်း​အောင်လှိုင်၏ အင်းလျားလမ်းအိမ်ရောင်ပြီးပါက မင်း​အောင်လှိုင်၏ ကျန်​နေအိမ်များ ၊ စီမံကိန်းများ၊အများပြည်သူနှင့် ဆိုင်သောစီမံကိန်းများ စတင်တော့မည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ EODထံမှသိရသည်။

သတင်း

ထိုပြင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာရှိစစ်တပ်ပိုင်မြေများကို နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံပါဝင်သည့် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအတွက် စီမံကိန်းအဆိုပြုလွှားများဖိတ်ခေါ်သွားမည်ဟုထုတ်ပြန်ထားသည်။

သတင်း

ဗိုလ်မှူးကြီးဟောင်း သန်းမြင့်၏ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်လှိုင်မှာသမီးနှစ်ယောက်ရှိပြီး Good Family Company Limited ကို ပိုင်ဆိုင်ထားသည်။

သတင်း

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်တွင် လာရောက်သောခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးများလည်း ပုဂံသို့ရောက်ရှိနေသည်။