Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးအကျဉ်းထောင် ဒီမိုကရေစီဘက်တော်သားများက​သေဒဏ်စီရင်မှုအ​ပေါ် ကန့်ကွက်ရှုတ်ချ

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ အရေးတို့အတွက် အသက်ကိုမငဲ့ကွက်ဘဲ ရဲရဲရင့်ရင့်ဆောင်ရွက်ရင်း အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့်လမ်းခုလပ်၌ကျဆုံးခဲ့ရသောအာဇာနည်ရဲဘော်အပေါင်းအားအစဉ်ထာ၀ရ လေးစားဂုဏ်ယူ ဦးညွှတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

မန္တလေးအကျဉ်းထောင် ဒီမိုကရေစီဘက်တော်သားများက​သေဒဏ်စီရင်မှုအ​ပေါ် ကန့်ကွက်ရှုတ်ချ၊ တော်လှန် ရေး အရှိန်မြှင့်ကြရန် တိုက်တွန်း
မန္တလေးအကျဉ်းထောင် ဒီမိုကရေစီဘက်တော်သားများက​သေဒဏ်စီရင်မှုအ​ပေါ် ကန့်ကွက်ရှုတ်ချ၊ တော်လှန် ရေး အရှိန်မြှင့်ကြရန် တိုက်တွန်း

တော်လှန် ရေး အရှိန်မြှင့်ကြရန် တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီက ဦးဂျင်မီ၊ ဦးဖြိုး​ဇေယျာ​သော်အပါအဝင် နိုင်ငံ​ရေးအကျဥ်းသားလေးဦးအား သေဒဏ်စီရင်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုံ့ချကြောင်း မန္တလေး ဗဟိုအကျဥ်းထောင်မှ ဒီမိုကရေစီဘက်တော်သားများကသဘောထားထုတ်ပြန်လိုက်သည်။

လက်ရေးမူဖြင့်ရေးသားထားသော ဇူလိုင် ၂၉ ရက်စွဲပါစာတွင် အထက်ပါအတိုင်း ဖော်ပြထားပြီး ဆိုးယုတ်သည့် စစ်အာဏာရှင်စနစ်အားအပြီးသတ်ချေမှုန်းဖယ်ရှားရန် ပြည်တွင်းပြည်ပရှိ ပြည်သူတစ်ရပ်လုံးက စည်းလုံးညီ ညွတ်စွာ အတူလက်တွဲတော်လှန်ကြရန်နှင့် တော်လှန်ရေးအရှိန်မြှင့်ကြရန် တိုက်တွန်းသည်။

မန္တလေးအကျဉ်းထောင် ဒီမိုကရေစီဘက်တော်သားများက​သေဒဏ်စီရင်မှုအ​ပေါ် ကန့်ကွက်ရှုတ်ချ၊ တော်လှန် ရေး အရှိန်မြှင့်ကြရန် တိုက်တွန်း
မန္တလေးအကျဉ်းထောင် ဒီမိုကရေစီဘက်တော်သားများက​သေဒဏ်စီရင်မှုအ​ပေါ် ကန့်ကွက်ရှုတ်ချ၊ တော်လှန် ရေး အရှိန်မြှင့်ကြရန် တိုက်တွန်း

တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးတို့အတွက် တောင်တွင်းရောက်ကျွန်ုပ်တို့အနေဖြင့်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပြီး တော်လှန်ရေးအောင်မြင်သည်အထိ ရင်ဆိုင်တွန်းလှန်သွားမည်ဟု ကတိသစ္စာပြုကြောင်း ဖော်ပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ အရေးတို့အတွက် အသက်ကိုမငဲ့ကွက်ဘဲ ရဲရဲရင့်ရင့်ဆောင်ရွက်ရင်း အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့်လမ်းခုလပ်၌ကျဆုံးခဲ့ရသောအာဇာနည်ရဲဘော်အပေါင်းအားအစဉ်ထာ၀ရ လေးစားဂုဏ်ယူ ဦးညွှတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊လူ့ဂုဏ်သိက္ခာ ညိုးနွမ်းစေသော ရက်စက်သည့် နည်းလမ်း များဖြင့် စစ်ကြောခြင်း၊ ဖိနှိပ်မှုများစွာဖြင့် ထောင်သွင်းအကျဉ်းချခြင်း၊ ဖြစ်စဉ် တစ်ခုတည်းအပေါ် ပုဒ်မပေါင်းများစွာဖြင့်မလျော်မကန် တရားစွဲဆိုခြင်း၊ လုံလောက်သော တရားဥပဒေဆိုင်ရာ ခုခံကာကွယ်ပိုင်ခွင့်မရရှိခြင်း၊ အများပြည်သူရှေ့မှောက် ပွင့်လင်းမြင်သာစွာ စီရင်မှုမရှိခြင်းတို့သည် လူသားတို့၏ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံရပြီး မတရားစီရင်ရေးစနစ်ဖြစ်ခြင်းကို ဖော် ပြနေကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသည့် ကိုရီးယားအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြသူများက ကျဆုံးသူရဲကောင်းများအတွက် အနက်ရောင်ဝတ်စုံဆင်တူဝတ်ဆင်ကာ နှင်းဆီနီတစ်ပွင့်ကိုင်ဆောင်ချီတက်ခဲ့ကြသည်။

သတင်း

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သတင်း

မန္တလေး PDF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် တွန်းလှန်တိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

မုံရွာ - မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။