Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် မိုင်းရှာနေသော စစ်ကောင်စီတပ် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက် ခံရပြီး သုံးဦးသေဟုဆို

မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။

(ယခင်ရက်ပိုင်းအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံရစဥ်။)
(ယခင်ရက်ပိုင်းအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံရစဥ်။)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်သေဆုံးကြောင်း ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၈ရက် ည၁၀ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာ ကြားတွင် မိုင်းရှာ‌နေသော စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက ပဒေသာမိုင်း သုံးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်သေဆုံးပြီး ခြောက်ဦးခန့် အပြင်းထန်ဒဏ်ရာရရှိ၍ ဆိုင်ကယ် သုံးစီးပါပျက်စီးသွားကြောင်း ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၊ မြို့နယ် (ပကဖ)၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ Saw Bwar Gyi (MPD)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က (၆၀၀မမ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း MBTT တပ်ဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MBTT အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန္တလေး PDF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် တွန်းလှန်တိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး - ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။

သတင်း

Non CDM ဝန်ထမ်းများ၊ ရဲများ ပြည်သူ့ရင်ခွင်ထံသို့ ခိုလုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

သတင်း

ချမ်းအေးသာစံမြို့နယ် ၇၇ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိတဲ့ ယုယမေတ္တာ ဆေးခန်းဟာ PDF ကိုထောက်ပံ့တယ်ဆိုပြီး မနေ့က ချိတ်ပိတ်လိုက်တာလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ထားပါတယ်။