Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုနှင့်ပြင်ဦးလွင်မြို့နယ်တိုက်ပွဲများ၌စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများ၍ ပြန်ဆုတ်​ပြေးဟု မန္တလေး PDF ထုတ်ပြန်

မန္တလေး PDF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် တွန်းလှန်တိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

(​​​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်၏ဝတ်စုံများကို​ခြေဖြင့်နင်း​နေ​သော မန္တ​လေးPDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-MPDF)
(​​​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်၏ဝတ်စုံများကို​ခြေဖြင့်နင်း​နေ​သော မန္တ​လေးPDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-MPDF)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်သည်။

မန္တလေး PDF တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် နယ်မြေအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ဇူလိုင်လ (၂၂)ရက်နေ့မှ ဇူလိုင် ၂၈ရက်နေ့အတွင်း တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အထိအခိုက် အကျအဆုံးများစွာဖြင့် အလောင်းပင်မသယ်နိုင်ပဲ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(​​​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်၏ဝတ်စုံများကို​ခြေဖြင့်နင်း​နေ​သော မန္တ​လေးPDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-MPDF)
(​​​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်၏ဝတ်စုံများကို​ခြေဖြင့်နင်း​နေ​သော မန္တ​လေးPDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-MPDF)

အဆိုပါ ရင်ဆိုင်တိုက်ပွဲအတွင်း မန္တလေး PDF ရဲဘော်များထိခိုက်ကျဆုံးမရှိခဲ့ဟု အသိပေးထားသည်။

နောက်ဆက်တွဲ တိုက်ပွဲဖြစ်စဉ် သတင်းများနှင့်ပက်သက်၍ အလျဉ်းသင့်သလို ဆက်လက် ထုတ်ပြန်သွားမည်ဟုလည်း ဖော်ပြထားသည်။

(​​​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်၏ဝတ်စုံများကို​ခြေဖြင့်နင်း​နေ​သော မန္တ​လေးPDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-MPDF)
(​​​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်၏ဝတ်စုံများကို​ခြေဖြင့်နင်း​နေ​သော မန္တ​လေးPDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-MPDF)

မန္တလေး PDF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် တွန်းလှန်တိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မုံရွာ - မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေသည်။

သတင်း

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် မကြာခဏ တိုက်ခိုက်နေသည်။

သတင်း

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး - ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။

သတင်း

Non CDM ဝန်ထမ်းများ၊ ရဲများ ပြည်သူ့ရင်ခွင်ထံသို့ ခိုလုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။