Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါးဦးသေဆုံးသည်အထိ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ပခုက္ကူမြို့ အရှေ့ဘုန်းကံကျေးရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်နေ

‌”ရွာမှ တပ်စွဲထားတဲ့ စစ်ကြောင်းက ဒေသခံတွေကို ပြောတယ်။ သယ်နိုင်သလောက် သယ်သွားကြဖို့။ နောက်ထပ်ရောက်လာမယ့်စစ်ကြောင်းက မီးရှို့မရှို့အာမမခံဘူးလို့ပြောလို့ ဒေသခံတွေ ရွာကို စွန့်ခွာနေကြရတယ်”ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

ပခုက္ကူမြို့
ပခုက္ကူမြို့

▪️ဒေသခံများ ရွာကိုစွန့်ခွာထွက်ပြေး

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးသည်အထိ တိုက်ခိုက်ခံရပြီးနောက် မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘုန်းကံကျေးရွာကို မီးရှို့မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေသောကြောင့် ဒေသခံများက ရွာကို စွန့်ခွာနေကြရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

အရှေ့ဘုန်းကံရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက ဇူလိုင် ၂၈ရက်တွင် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီးနောက် စစ်ကြောင်းအချိန်းအပြောင်းပြုလုပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

‌”ရွာမှ တပ်စွဲထားတဲ့ စစ်ကြောင်းက ဒေသခံတွေကို ပြောတယ်။ သယ်နိုင်သလောက် သယ်သွားကြဖို့။ နောက်ထပ်ရောက်လာမယ့်စစ်ကြောင်းက မီးရှို့မရှို့အာမမခံဘူးလို့ပြောလို့ ဒေသခံတွေ ရွာကို စွန့်ခွာနေကြရတယ်”ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

‌‌ကျေးရွာမှ ထွက်ခွာလာပြီး ပခုက္ကူမြို့ပေါ်တွင် တစ်လခန့်ကြာ အိမ်ငှားနေထိုင် ရန် စီစဥ်ထားသည်ဟု အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

‌‌”ကိုယ်နိုင်သလောက်လေးပဲ ယူလာခဲ့ရတယ်။ ရွာကို မီးရှို့ချင် ရှို့မယ်လို့ စစ်သားတွေက ပြောတယ်။ မနေရဲတော့လို့ ထွက်ခဲ့ရတာ”ဟု ၎င်းကပြောသည်။

‌‌အရှေ့ဘုန်းကံရွာဒေသခံများ မြို့ပေါ်သို့ လာရောက်တိမ်းရှောင်စဥ် အိမ်ငှားခများ စျေလျှော့ယူကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဇူလိုင် ၂၈ရက်က တိုက်ခိုက်မှုကို Earthquake pdf၊ PKU N Pdf၊ Royal Defence Force PKU နှင့်King Cobra PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

ဇူလိုင် ၂၈ ရက်ညကလည်း အင်္ကုက္ကားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ရာ ပျူစောထီး နှစ်ဦးသေဆုံး ကြောင်း Guerrilla Warfare - KPK PDFအဖွဲ့က ထုတ်ပြန်ထားသည်။