Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူ – မြိုင်လမ်းမကြီးအား ယာယီပိတ်၍ စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုပြုလုပ်သွားမည်ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ် အသိပေး

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။

(ပခုက္ကူ - မြိုင်လမ်းပေါ် ဒေသတွင်း PDFအဖွဲ့များက စစ်ဆေးနေစဥ်။)
(ပခုက္ကူ - မြိုင်လမ်းပေါ် ဒေသတွင်း PDFအဖွဲ့များက စစ်ဆေးနေစဥ်။)

မကွေးတိုင်း၊ ပခုက္ကူ – မြိုင်လမ်းမကြီးအား ယာယီပိတ်၍ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇူလိုင်၂၇ရက်) သတိပေးကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပခုက္ကူ- မြိုင် လမ်းမကြီးတလျှောက်ရှိကျေးရွာများအား အင်အားများစွာဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည်။

ထို့ကြောင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လက်ရှိအချိန်တွင် စစ်ရေးလိုအပ်ချက်အရ ပခုက္ကူ-မြိုင် လမ်းမကြီးအား ယာယီပိတ်ဆို့၍ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ပြည်သူများအနေဖြင့် စစ်ကြောင်းဖြတ်သန်းရာလမ်းကြောင်းများအား အထူးသတိပြုရှောင်ရှားကြရန်နှင့် ပြည်သူများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုကို အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုကြေညာချက်ထုတ်ပြန်သည့်အချိန်မှစ၍ နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း ပခုက္ကူ – မြိုင် လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း အသုံးပြုခြင်းမပြုလုပ်ကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။

သတိပေးတားမြစ်ချက်များ မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ် ကြောင်း ဒေသတွင်းအဖွဲ့များက သတ်ိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းရှိနိုင်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

သတင်း

"ဂိတ်အတွင်း အနီးနားထိသွားပြီး ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကတည်းက ဆင်းသွားတာ ပစ်ခွင့်မသာလို့ ဒီနေထပ်ဆင်းပြီး လုပ်တာပါ"ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။