Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင်တစ်မြို့လုံး​ မိုးသည်းထန်စွာရွာပြီးစံချိန်တင်ရေကြီး​

မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ယနေ့(ဇူလိုင် ၃၁ရက်) နံနက် ၂ နာရီခန့်မှ စ၍ နံနက် ၈ နာရီခန့်အထိ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

ဓါတ်ပုံ-CJ
ဓါတ်ပုံ-CJ

■”ပြင်ဦးလွင်မှာမွေးပြီး ပြင်ဦးလွင်မှာကြီးတာ။ ခုလိုတစ်ခါမှမမြင်ဖူးဘူး။ တော်တော်ရေတက်တယ်။ တချို့​​နေရာတွေမှာအုတ်တံတိုင်းတောင်ပြိုကြတယ်” ဒေသခံတစ်ဦး

ပြင်ဦးလွင်မြို့တွင် ၆နာရီခန့်ကြာ မိုးသည်းထန်စွာရွာပြီးနောက် မြို့နေရာအများစုတွင် မကြုံစဖူးရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်။

မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင် ယနေ့(ဇူလိုင် ၃၁ရက်) နံနက် ၂ နာရီခန့်မှ စ၍ နံနက် ၈ နာရီခန့်အထိ မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

မြို့​ပေါ်ရပ်ကွက်အများစု ရေဝင်နေပြီးပြင်ဦးလွင် အနီးစခန်းပတ်ဝန်းကျင်တွင် တောင်ကျရေ ပြင်းထန်စွာ ဆင်းနေသည်ဟု ဒေသခံများကပြောသည်။

“မိုးတွေမပြတ်ရွာနေလို့ နေရာအနှံ့ ရေကြီးနေတယ်။ အဖွဲ့တွေ မနက်၆နာရီကတည်းကရောက်လို့ကူညီနေတယ်။”ဟု ပြင်ဦးလွင်မြို့ရှိ သန္တိသုခလူမှုကူညီရေးအသင်းက ပြောသည်။

ဓါတ်တော်ချိုင့်တွင်လည်း ရေများမကြံစဖူး ကျဆင်းလာနေပြီး အနီးစခန်းဘူတာအနီးတွင်လည်း ချောင်းရေများလျှံကာ ရေမြုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ-CJ
ဓါတ်ပုံ-CJ

“ပြင်ဦးလွင်မှာမွေးပြီး ပြင်ဦးလွင်မှာကြီးတာ။ ခုလိုတစ်ခါမှမမြင်ဖူးဘူး။ တော်တော်ရေတက်တယ်။ တချို့​​နေရာတွေမှာအုတ်တံတိုင်းတောင်ပြိုကြတယ်ကြားတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

ဒိုးကွင်ဥယျာဥ်ခြံတွင်လ​ည်း ရေတက်လာ၍မိသားစု၁၅ယောက်ပိတ်မိနေပြီး ကယ်ဆယ်ရန်ကြိုးစားနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ မိုး​လေဝသနှင့်ဇလ​ဗေဒညွန်ကြားမှုဦးစီးဌာနက ရေဘေးသတိပေးချက် ကြိုတင်ထုတ်ပြန်နိုင်​​​ခြင်းမရှိခဲ့ဘဲ လတ်တလောရာသီဥတုအခြေအနေကို လွဲမှားစွာ ခန့်မှန်းထုတ်ပြန်ထားသည်။ ဇူလိုင် (၃၀)ရက် ညမှ ဇူလိုင်(၃၁)ရက် နေ့လည်အတွင်း မန္တလေးတိုင်းတွင် နေရာကျဲကျဲသာ မိုးရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနက ဇူလိုင် ၃၁ရက်အထိ မိုးလေဝသသတိပေးချက်တွင်ရေကြီးရေလျှံမှုဘေးဂရုပြုရန်သတိ​​ပေးထားသည်။

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်​သောECMWF တွင်သြဂုတ်လပထမလပါတ်အတွင်း ဘဂ်လားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာနိုင်သည်ဟု ခန့်မှန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန္တလေး PDF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် တွန်းလှန်တိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

၎င်းတို့ မဟာမိတ်လေးဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့လိုအပ်သည့်အကူအညီများပေးကာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ယင်းမဟာမိတ်လေးဖွဲ့က ကတိပြုထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်(မြောက်ပိုင်းနဲ့အရှေ့ပိုင်း)တွေမှာ မိုးပိုလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

News

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ရဲ့ ဝဲဘက်လက်ပြင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး ဆေးရုံကိုပို့လိုက်ရပါတယ်။