Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူပူး​ပေါင်းတပ်ကို က​လေး-တမူးကားလမ်းပိုင်းတွင်မိုင်းဆွဲတိုက်ခိုက် ၁၀ဦးထက်မနည်​သေဟုက​လေးPDF​ပြော

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

(ကလေးမြို့နယ်နတ်ချောင်းရွာမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)
(ကလေးမြို့နယ်နတ်ချောင်းရွာမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)

စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကလေး-တမူးကားလမ်းပိုင်းတွင်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှင့်ပျူဆယ်ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

“မိုင်းသုံးကြိမ်ဆွဲတိုက်ခိုက်ခဲ့တာ။ ပစ်မှတ်တွေကိုကောင်းကောင်းထိတယ်။ စစ်ခွေးနဲ့ပျူဆယ်ယောက်ထက်မနည်းဘူး သေတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့သည် ကံပုလဲကျေးရွာမှ နံနက် ၅နာရီခန့်တွင် ထွက်လာကြောင်းသတင်းရရှိပြီးနောက်ကလေး-တမူးလမ်း ၅၆မိုင်အနီးတွင် PDFများကမိုင်းထောင်ပြီးအချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းခွဲတိုက်ခိုက်ပြီးမကြာမီစစ်ကောင်စီတပ်ကားများထပ်မံ ရောက်လာ၍ ဆုတ်ခွာခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်ဇူလိုင် ၂၁ရက်ကလည်းကလေးမြို့နယ်၊ကင်မွန်းခြုံရွာတွင် စစ်ကောင်စီတပ်နှင့်ပျူ​စောထီးများကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့နှင့် ပျုစောထီးအများအပြားသေဆုံးခဲ့သည်။

ကင်မွန်းခြုံရွာတိုက်ပွဲမှ ပြန်ရောက်လာသည့် တောင်အူပြင်သာရွာမှပျူစောထီးခေါင်းဆောင်တစ်ဦးသည်တိုက်ပွဲအတွင်းပျူစောထီးအများအပြားသေဆုံးသည်ကို.တွေ့မြင်ပြီးနောက် စိတ်ကစဥ့်ကလျားဖြစ်သွားသည်ဟု ဒေသခံများကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"အဲဒီမီးသတ်မှာက စစ်ခွေးတွေက အမြဲ‌လာနေကြပါ။အခုလည်း သူတို့ရောက် နေတယ်လို့ သတင်းရရှိလို့လက်ပစ် ဗုံးတစ်လုံးနဲ့ ပစ်ထည့်ဖောက်ခွဲခဲ့တာပါ"ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ကျည်ကွယ်၊ မျက်ကွယ်များ၌ အသင့်စောင်းဆိုင်းပြီးချုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှလေးဦးသေဆုံးကာအရာရှိအပါအဝင်၁၀ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

သတင်း

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။