Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး – ထန်တလန် ကြားတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးခန့်သေ၊ ထိခိုက်သူများပြား

ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။

ဟားခါးမြို့တွင် စစ်ကောင်စီတပ်သားများအား ေတွ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - The Chin Journal
ဟားခါးမြို့တွင် စစ်ကောင်စီတပ်သားများအား ေတွ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြား၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၃၀ရက် နံနက်ပိုင်းက ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဘက်သွားရာ ထင်းရှူးတောထဲတွင် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“ အဲဒါ စခ ဘက်က သေဆုံးဒဏ်ရာရရှိသူတွေများတယ်။ နောက်ဆုံး မြေပြင်သတင်းအရ စခ ၁၀ ယောက်သေပြီး ၂၀ နီးပါး ဒဏ်ရာရကြတယ်။ တချို့ မိုင်းနင်းမိလို့ ခြေပြတ်တာလည်း ရှိကြတယ်။ လတ်တလောတော့ အခြေအနေ ငြိမ်နေပါတယ်”ဟု ချင်းဒေသခံက ယနေ့နံနက်တွင် ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ကျဆုံးထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားများသည် သီမစ်လမ်းဟောင်း Rual-U သုသာန်ဖက်ကနေ သီမစ်ချောင်း ဘက်သို့ စစ်ကြောင်းထိုးကြရာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခဲ့၍ မွန်းလွဲ ၂နာရီခွဲတွင် စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားကြောင်း The Chin Journalက ဖော်ပြသည်။

ယမန်နေ့တိုက်ပွဲ၌ ဟားခါးမြို့ ရုန်းတောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၆၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟုဆိုသည်။

ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"အဲဒီမီးသတ်မှာက စစ်ခွေးတွေက အမြဲ‌လာနေကြပါ။အခုလည်း သူတို့ရောက် နေတယ်လို့ သတင်းရရှိလို့လက်ပစ် ဗုံးတစ်လုံးနဲ့ ပစ်ထည့်ဖောက်ခွဲခဲ့တာပါ"ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ကျည်ကွယ်၊ မျက်ကွယ်များ၌ အသင့်စောင်းဆိုင်းပြီးချုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှလေးဦးသေဆုံးကာအရာရှိအပါအဝင်၁၀ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

သတင်း

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။