Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် ဆန္ဒပြသပိတ်အပြီး ဂျပန်နိုင်ငံသား အပါအဝင် လူငယ်သုံးဦးကို ဖမ်းဆီးခံရ

ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်၍ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ဆိုသည့် စာတန်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ - AAMIJ

▪️ဖမ်းဆီးခံ ဂျပန်နိုင်ငံသားအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြမည်

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့ (ဇူလိုင် ၃၀) ညနေပိုင်းက ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးတွင် စစ်ကောင်စီက ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင် လူငယ် သုံးဦးကို အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်၍ “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ဆိုသည့် စာတန်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲအပြီး အဌားယာဥ်ပေါ်သို့ တက်နေသည့် လူငယ် အချို့ကို စစ်ကောင်စီက Probox အိမ်စီးကား၊ အရပ်ဝတ်များဖြင့် ရောက်ရှိလာကာ အဓမ္မဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံသားတစ်ဦး၊ လူငယ်အမျိုးသားနှင့် အမျိုးသမီးတစ်ဦး တို့ ဖမ်းဆီးခံခဲ့ရကြောင်း Yangon Drone က ထုတ်ပြန်သည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ – AAMIJ

” ညနေက သပိတ်အပြီးမှာ ဂျပန်နိုင်ငံသား Toru Kubota နဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဖမ်းခံရပြီး ကင်မရာတစ်လုံး၊ ဘန်နာ ပိတ်စတစ်ခုတို့ ဖမ်းဆီးရမိသွားပါတယ်။ အခုအချိန်အထိဖမ်းဆီးရမိသူများနဲ့ ဆက်သွယ်မှုပြတ်တောက်နေပြီး အကြမ်းဖက်မဖမ်းဆီးခံရခင်အထိ ထိုသူအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက် ရှိတာကြောင့် ထိခိုက်မှုတစုံတရာရှိလာခဲ့ပါက အကြမ်းဖက် ဖမ်းဆီးသွားခဲ့သော စစ်တပ်တွင်သာတာဝန်အပြည့်အဝရှိမှာ ဖြစ်ပါတယ် “ဟု Yangon Drone က ဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသူ ဂျပန်နိုင်ငံသားသည် Toru Kubota ဖြစ်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ကြောင်း ဂျပန်သတင်းဌာန TBS News က ဖော်ပြထားသည်။

စစ်ကာင်စီတပ်၏ မတရားဖမ်းဆီးခံရသည့် Mr Toru Kubota အပါအဝင် ဆန္ဒပြလူငယ်များအတွက် မနက်ဖြန် (ဇူလိုင် ၃၁) တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ အရေးပေါ် ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျပန်ရောက် ဒီမိုကရေစီအရေး လိုလားသူ မြန်မာနိုင်ငံသားများက ယနေ့ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စ​ည်းများအား သယ်ယူ​ပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။

သတင်း

ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်သူများနှင့် စုံးစမ်းနေဆဲ မှုးယစ်ဆေးဝါးသား ကောင် များအား အပြင်းအထန် သတိပေးခဲ့ပြီး ရပ်မိ၊ရပ်ဖများရှေ့တွင် ဝန်ခံကတိများ ပြုလုပ်ခိုင်းကာ ပထမ ဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့ကြောင်း အသိပေးသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။

နိုင်ငံတကာ

မျောက်ရိုင်းတွေ ဖြစ်ပေမယ့် အရမ်းပါးနပ်သလို သူတို့ ရန်ပြုမယ့် ပစ်မှတ်ကိုလည်း အသေအချာ ရွေးချယ်ပြီးမှ အနောက်ဖက်ကနေ အလစ် ဝင်တိုက်ခိုက်လေ့ရှိကြောင်း မြို့တော်ဝန်ရုံး အရာရှိ တစ်ဦးဖြစ်တဲ့ မာဆက်တို ဆိုင်တိုက ပြောပါတယ်။