Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ညီအစ်ကိုနှစ်ဦး အပါအဝင် လေးဦးကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)
(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက် အတွင်း ပြည်သူ့ကာကွယ် ရေး ရဲဘော်ညီအစ်ကိုနှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)
(ဇူလိုင် ၂၇ရက်က ကျဆုံးသွားသည့် တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး၊ ဓာတ်ပုံ-We Love Myaing)

ထိုတိုက်ပွဲများအတွင်းယမန်နေ့ (ဇူလိုင်၃၀ရက်)က မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ကင်းပုန်းနှင့်မိကာ သတ်ဖြတ်ခံခဲ့ရပြီး အော်တိုသေနတ် တစ်လက်ပါသွား ကြောင်း မြိုင်(ပကဖ)အဖွဲ့က ယနေ့ (ဇူလိုင်၃၁ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲဘော်နှစ်ဦးမှာ ညီအစ်ကိုအရင်းဖြစ်ကြောင်း မြိုင်နယ်ဒေသခံများက ပြောသည်။

ဇူလိုင်၂၇ ရက်ကလ​ည်း တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး ဖမ်းဆီးသတ်ဖြတ် ခံရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

“ကျဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ လက်နက်ခဲယမ်း မပြည့်စုံလို့ပဲ။ လက်နက်ခဲယမ်း မပြည့်စုံလို့ အဖမ်းခံရတယ်။ အရှင်ဖမ်းမိတဲ့ရဲဘော်တွေကို ရက်ရက်စက်စက်သတ်တာခံရတယ် ။တမာမြေက ရဲဘော်နှစ်ယောက်ကို ပါးစပ်ထဲ ဂန်းနဲ့တေ့ပစ်ပြီး သတ်တယ်။မြိုင် ပကဖက ရဲဘော်နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်တယ်။”ဟု We Love Myaing အဖွဲ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။

သတင်း

အဆိုပါ စံရှား(ခ)ဟိန်းပြည်စုံသည် Civil People Defence Force(CPDF) အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးမြို့နယ်၏ တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်လက်ကိုင်တုတ်ဖြစ်သလို အမျို သားရေးအဖွဲ့တွင် ပါဝင်နေသူဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ထို့အပြင်မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်းယနေ့စစ်ကောင်စီတပ်ကိုပြောက်ကျားနည်းဖြင့်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟုသိရသည်။

သတင်း

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။