Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားတွင် ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ကျင်းပ

ယင်းအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - U Yan Naing Htun /Facebook

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းဘူတာရှေ့အဝိုင်း ပြည်သူ့ရင်ပြင် တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဦးဆောင်ပြီး ယနေ့ (ဇူလိုင် ၃၁)၌ ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုပွဲနှင့် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုစကား ပြောခဲ့သည်။

ယင်းနောက်လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲသို့ တက်ရောက်လာသူများမှ ကျဆုံးသူ အာဇာနည်များအား နှင်းဆီ ပန်းပွင့်များဖြင့် စီတန်း ဦးညွတ်ဂုဏ်ပြုခြင်း နှင့်အတူ နွေဦးတော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရှာဖွေခြင်း အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချခြင်းနှင့်ထောက်ပို့တပ်သား One Day Challenge မန်ဘာဝင်များ စုဆောင်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

သတင်း

ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသည့် ကိုရီးယားအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြသူများက ကျဆုံးသူရဲကောင်းများအတွက် အနက်ရောင်ဝတ်စုံဆင်တူဝတ်ဆင်ကာ နှင်းဆီနီတစ်ပွင့်ကိုင်ဆောင်ချီတက်ခဲ့ကြသည်။

သတင်း

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သတင်း

အဆိုပါ လူထုသစ္စာ အဓိဌာန်ပြုပွဲကို ဇူလိုင် ၃၁ရက်တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင်နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများမှမိမိတို့စုဝေးရန်အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍သစ္စာအဓိဋ္ဌာန်ပြုကြမည့် အစီအစဥ်ဖြစ်ကြောင်းအသိပေးသည်။