Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်ကိုလေးကြိမ်တိုက်ခိုက်ရာအထိနာပြီးကစင့်ကလျားဆုတ်သွား​ကြောင်း​တောင်ငူခရိုင်PDFတပ်ရင်း(၃၅၀၁)ထုတ်ပြန်

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ကျည်ကွယ်၊ မျက်ကွယ်များ၌ အသင့်စောင်းဆိုင်းပြီးချုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှလေးဦးသေဆုံးကာအရာရှိအပါအဝင်၁၀ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

တောင်ငူမြို့ အမြန်လမ်းအနောက်ဘက် ရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တစ်ရက်ထဲ လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က ယနေ့(ဇူလိုင် ၃၁)အသိပေးထုတ်ပြန်သည်။

ဇူလိုင် ၂၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာသော အင်အား ၈၀ ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းကိုတပ်ရင်း(၃၅၀၁)တပ်ဖွဲ့ဝင်များမှ ဇူလိုင် ၂၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်မှ ညနေ ၆ နာရီခွဲအထိ လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ကျည်ကွယ်၊ မျက်ကွယ်များ၌ အသင့်စောင်းဆိုင်းပြီးချုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှလေးဦးသေဆုံးကာအရာရှိအပါအဝင်၁၀ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

“မိမိတို့တပ်ဖွဲ့ဝင်များသည် ကျည်ကွယ်မျက်ကွယ်နေရာများတွင် အသင့်ခြုံခိုစောင့်ဆိုင်းကာ တပြိုင်နက်တည်း ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးသူ (၄) ဦးအပြင် ဒဏ်ရာရသူ (၁၀) ဦးခန့် (အရာရှိတစ်ဦးပါ)ဖြင့် အရေးနိမ့်ကာ ရန်သူ့စစ်ကြောင်းမှာ ကစင့်ကလျား ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်”ဟု ဆိုသည်။

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

အဆိုပါတိုက်ခိုက်မှုအတွင်း ထူးခြားချက်နှစ်ခုတွေ့ရပြီး ယင်းတို့မှ စစ်ကောင်စီတပ်ဘက်မှ အမျိုးသမီးအသံများကြားရခြင်း၊ တိုက်ပွဲဖြစ်နေစဥ်ဘလူးတူးဘောက်စ်ဖြင့်တရားများဖွင့်လှစ်ထားခြင်းတို့ဖြစ်ကြောင်း ဖော်ပြသည်။

“၎င်းအချက်ကိုကြည့်ခြင်းဖြင့် ရန်သူမှာ ရုပ်ရော စိတ်ပါ ပျက်ယွင်းနေသည့် အနေအထားဖြစ်ပါသည်”ဟု တောင် ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ သုံးသပ်ထားသည်။

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင် ၂၉ တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ရန်သူ၏ ဦးထုပ်၊ စစ်တဘက်၊ ဆိုလာပြား၊ ဘလူးတုဘောက်စ်၊ သံကြိုး၊ ဒန်အိုး၊ စစ်စွတ်ကျယ်၊ သွေးစွန်းနေသော ပတ်တီးစများ၊ တောအရက်ပုံးတစ်ပုံး အပြင် ၄၀ မမ ဗုံးသီး ၂ လုံး လက်နက်ကြီး/ငယ် ဖြုတ်၊တပ် ရာတွင် အသုံးပြုသည်ဟု ယူဆရသော ဂွင်း/ဂွ များကို တွေ့ရှိရသည်ဟု ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

ယနေ့ (ဇူလိုင်၃၁ ရက်) နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုတစ် ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် မြင့်မြတ်စွာပေးဆပ်ခဲ့ကြသူများ၏ ဝိဉာဉ်တို့ကို တိုင်တည်၍ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြောင်း အသိပေးသည်။

သတင်း

ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။