Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲများ ဇူလိူင် ၃၁ မနက်၃၇ မိနစ်တွင်ပြုလုပ်ရန်နှိုးဆော်

အဆိုပါ လူထုသစ္စာ အဓိဌာန်ပြုပွဲကို ဇူလိုင် ၃၁ရက်တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင်နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများမှမိမိတို့စုဝေးရန်အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍သစ္စာအဓိဋ္ဌာန်ပြုကြမည့် အစီအစဥ်ဖြစ်ကြောင်းအသိပေးသည်။

လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲများ ဇူလိူင် ၃၁ မနက်၃၇ မိနစ်တွင်ပြုလုပ်ရန်နှိုးဆော်
လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲများ ဇူလိူင် ၃၁ မနက်၃၇ မိနစ်တွင်ပြုလုပ်ရန်နှိုးဆော်

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်ယုံကြည်ရာတရားအလိုက်တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဟု NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၂၉)တွင် အသိပေးထုတ်ပြန် သည်။

လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲများ ဇူလိူင် ၃၁ မနက်၃၇ မိနစ်တွင်ပြုလုပ်ရန်နှိုးဆော်
လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲများ ဇူလိူင် ၃၁ မနက်၃၇ မိနစ်တွင်ပြုလုပ်ရန်နှိုးဆော်

အဆိုပါ လူထုသစ္စာ အဓိဌာန်ပြုပွဲကို ဇူလိုင် ၃၁ရက်တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင်နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများမှမိမိတို့စုဝေးရန်အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍သစ္စာအဓိဋ္ဌာန်ပြုကြမည့် အစီအစဥ်ဖြစ်ကြောင်းအသိပေးသည်။

ရွတ်ဆိုရမည့် သစ္စာဋ္ဌာန်များမှာ တော်လှန်ရေးတွင် မြင့် မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေး ဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်၊ တော်လှန်ရေးပန်း တိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်၊ တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်ပါစေသ တည်း၊ တရားတဲ့သူသာ နိုင်ကြေးဟေ့ စသည့်ကြွေးကြော်မှုများပါဝင်ကြောင်း ဖော်ပြသည်။

ထို့အပြင် ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့် “လူထု့သစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင်ကြောင်းလည်း အငိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါလေဒေသက စစ်ကောင်စီရဲ့ စစ်ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထကို ဇွန်လ ၂၆ ရက်မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။

News

တော်လှန်ရေးရဲဘော်တွေဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကိုထိခိုက်အောင် လုပ်ဆောင်မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်မှာအလေးထားဖော်ပြထားတာတွေ့ရပါတယ်။

News

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အစီရင်ခံစာတင်သွင်းရာတွင် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြား ခြင်းဖြစ်သည်။

News

ဗိုလ်မှူးအောင်ကိုဇော်သည် ၎င်း၏ မွေးရပ်ဇာတိ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့သို့ ခေတ္တရောက်ရှိနေချိန် ပဲခူးတိုင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၊ တပ်ခွဲ(၃) မှ PDF တပ်ဖွဲ့ဝင်များက ယနေ့ ဧပြီ ၁၇ရက် နံနက် ၈နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။