Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူစောထီးရွာများမှ ထွက်ပြေးလာသူများအား သတင်းပို့အပ်နှံကြရန် ချောင်းဦးပကဖသတိပေး

ပျူစောထီးများအနက်ကျော်ဇောသတင်းရှိသူများကိုသာအများပြည်သူကပျူစောထီးဟုသိရှိနိုင်ပြီးလက်အောက်ငယ်သားများမှာစနစ်တကျစစ်ဆေးမှသာ ပျူစောထီဖြစ်ကြောင်းပေါ်ပေါက်လေ့ရှိသည်ဟုဆိုသည်။

(ဒေသတစ်ခုတွင် အကြမ်းဖက်စစ်တပ်က ပျူစောထီးသင်တန်းပေးနေစဥ်။ ။ဓါတ်ပုံ-CJ)
(ဒေသတစ်ခုတွင် အကြမ်းဖက်စစ်တပ်က ပျူစောထီးသင်တန်းပေးနေစဥ်။ ။ဓါတ်ပုံ-CJ)

ပျူစောထီးရွာများမှ စွန့်ခွာလာသူများအား စနစ်တကျစစ်ဆေးနိုင်ရန်အတွက် မြို့နယ်ပကဖသို့ သတင်းပို့အပ်နှံကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင်လ၃၀ရက်နေ့တွင် သတိပေးကြေညာချက်ထုတ်ပြန်သည်။

ချောင်းဦးမြို့နယ်အတွင်း ပျူစောထီးကြီးစိုးရာ ရွာများရှိပြီး ထိုရွာများမှစွန့်ခွာလာသူများနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က လမ်းညွှန်သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးရွာများမှ ပျူစောထီးများနှင့် လူသားဒိုင်းအဖြစ် အပြင်ထွက်ခွင့်ပိတ်ပင်ခံထားရသည့်ပြည်သူအချို့သည် ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးလျက်ရှိသည်။

ကျေးရွာကိုစွန့်ခွာလာသည့် ပျူစောထီးများအနက် အချို့မှာပျူစောထီးဟုဝန်ခံ၍ အလင်းဝင်ရောက်လာသော်လည်း အချို့မှာပြည်သူဟုလိမ်လည်၍ ပတ်ဝန်းကျင်ကျေးရွာများသို့ ခိုဝင်နေထိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပျူစောထီးများအနက်ကျော်ဇောသတင်းရှိသူများကိုသာအများပြည်သူကပျူစောထီးဟုသိရှိနိုင်ပြီးလက်အောက်ငယ်သားများမှာစနစ်တကျစစ်ဆေးမှသာ ပျူစောထီဖြစ်ကြောင်းပေါ်ပေါက်လေ့ရှိသည်ဟုဆိုသည်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့်စနစ်တကျစိစစ်၍ ပြည်သူစစ်မှန်သူများကို ၎င်းတို့သွားလိုရာအရပ်သို့ပို့ဆောင်ခြင်း၊ ပျူစောထီးဟုဝန်ခံကာ အလင်းဝင်ရောက်ခြင်းမပြုဘဲ ပြည်သူဟုလိမ်လည်၍ထွက်လာသော ပျူစောထီးများကို လိုအပ်သလို သတိပေးခြင်း၊ ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ထွက်ပြေးလာသူများကို အချို့သော တော်လှန်ရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ သတင်းပို့၍ စစ်ဆေးမှုခံယူစေခြင်းမရှိဘဲ မိမိသဘောဆန္ဒဖြင့်ခေါ်ယူလက်ခံခြင်း၊အာမခံခြင်း၊အခြားအရပ်ဒေသသို့ပို့ဆောင်ခြင်း၊ ကျေးရွာမှစွန့်ခွာလာသည့် ပျူစောထီးများနှင့် ဆွေမျိုးတော်စပ်မှု/ ပုဂ္ဂိုလ်ရေးခင်မင်မှုတို့ကိုအခြေခံ၍ ပျူစောထီးများကို ခိုးဝှက်ခေါ်ဆောင်ခြင်းတို့ ပြုလုပ်လျက်ရှိပြီး စိစစ်တွေ့ရှိရကြောင်းရေးသားထားသည်။

ထို့ကြောင့်ပျူစောထီးရွာများမှ စွန့်ခွာလာသူအားလုံးကိုစနစ်တကျစစ်ဆေးနိုင်ရန် လက်ခံသည့်လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများက မြို့နယ် ပကဖ သို့ သတင်းပို့အပ်နှံကြရန်နှင့် အပ်နှံခြင်းမရှိဘဲ ပျူစောထီးရွာများမှထွက်လာသူများအားမိမိဒေသတွင်လက်ခံခြင်း၊ စွန့်ခွာလာသူများကို မိမိဆန္ဒသဘောဖြင့် ပတ်ဝန်းကျင်ကျေးရွာများသို့ပို့ဆောင်ခြင်း၊ အခြာဒေသသို့ပို့ဆောင်ခြင်း၊ နှင့် ခိုးဝှက်နေထိုင်စေခြင်းများပြုလုပ်ကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်​​ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (ဇူလိုင် ၃၀ရက်)က အင်းတော် - ဗန်းမောက်လမ်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) များက အင်းတော်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့(ဇူလိုင် ၃၀ရက်)နံနက်တွင်ကလေးမြို့နယ်၊ကံပုလဲကျေးရွာမှထွက်လာသည့်စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးရွာများမှ ပျူစောထီးများနှင့် လူသားဒိုင်းအဖြစ်အပြင်ထွက်ခွင့်ပိတ်ပင်ခံထားရသည့်ပြည်သူအချို့သည် ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးလျှက်ရှိကာ ကျေးရွာကိုစွန့်ခွာလာသည့် ပျူစောထီးများအနက် အချို့မှာပျူစောထီးဟုဝန်ခံ၍ အလင်းဝင်ရောက်သည်ဟု ဆိုသည်။

သတင်း

ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်သူများနှင့် စုံးစမ်းနေဆဲ မှုးယစ်ဆေးဝါးသား ကောင် များအား အပြင်းအထန် သတိပေးခဲ့ပြီး ရပ်မိ၊ရပ်ဖများရှေ့တွင် ဝန်ခံကတိများ ပြုလုပ်ခိုင်းကာ ပထမ ဆုံးအကြိမ်အဖြစ် ပြန်လွတ်ပေးခဲ့ကြောင်း အသိပေးသည်။