Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောမြို့ရှိ MOGE လုပ်ငန်းတစ်ခုကို YDF တပ်ရင်း (၁၂) ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများနှင့် အင်ဂျင်နီယာမှူးကို ထိန်းသိမ်းထားဟုဆို

ဖြစ်စဥ်အရ ဇူလိုင် ၂၈ ရက်တွင် ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ (၁၂) မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံအား YDF တပ်ရင်း (၁၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ကားလေးစီးနှင့်သေနတ်အတို တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အသိ ပေးသည်။

ဓာတ်ပုံ-ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံ။
ဓာတ်ပုံ-ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံ။

ကားလေးစီးနှင့်သေနတ်အတိုတစ်လက်သိမ်းဆည်းရရှိ

စစ်ကောင်စီလက်ဝါးကြီးအုပ်ထားသော ကျောမြို့ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း (MOGE)လုပ်ငန်းတစ်ခုကို YDF တပ်ရင်း(၁၂)မှ သွေးစွန်းငွေဖြတ်တောက်နိုင်ရန်ရည်ရွယ်၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း ယောကာကွယ်ရေးတပ် – YDFက ယနေ့(ဇူလိုင် ၃၁ ရက်) ထုတ်ပြန် သည်။

ဖြစ်စဥ်အရ ဇူလိုင် ၂၈ ရက်တွင် ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ (၁၂) မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံအား YDF တပ်ရင်း (၁၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ကားလေးစီးနှင့်သေနတ်အတို တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အသိ ပေးသည်။

ထို့အပြင် သုံးကြိမ်တိုင်တိုင် CDM ပြုလုပ်ရန် သတိပေးထားသော ဝန်ထမ်းများ နှင့် အင်ဂျင်နီယာမှူး မင်းအောင်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း YDF စစ်ဦးစီးချုပ် ကိုဘလှိုင်းမှ အတည်ပြုသည်။

ပုထိုးလုံ (၁၂) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွင် လျှပ်စစ်ဌာနဆိုင်ရာ ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီး Gas Engine (၇)လုံးဖြင့်လည်ပတ်ကာ မကြာသေးမီက စစ်တပ်နှင့် ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းကာ လျှပ်စစ်စတင်ထုတ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (ဇူလိုင်၃၁ ရက်) နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုတစ် ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် မြင့်မြတ်စွာပေးဆပ်ခဲ့ကြသူများ၏ ဝိဉာဉ်တို့ကို တိုင်တည်၍ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြောင်း အသိပေးသည်။

သတင်း

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာသို့ အရေးပေါ်လူနာတင် ယာဥ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိကြောင်း သိရသည်။

သတင်း

အဲဒီအပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ ဇွန်လ ပထမ ရက်သတ္တပတ်က စစ်ကောင်စီက လုပ်ခဲ့တာပါ။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ကိုလည်းထိန်းချုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ရရှိသော ဘွဲ၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများ အပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျန်းကျိန် ဂတိ ခံဝန်ချက် ပြုလုပ်ကြရမည်ဟုလည်း ဖော်ပြထားသည်။