Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီခန့် ဝန်ထမ်းများနှင့် CDM မပြုလုပ်သည့် ဝန်ထမ်းများ ဩဂုတ် ၁၅ရက် နောက်ဆုံးထား CDM ပြုလုပ်ရမည်ဟု မင်းတပ်(ပအဖ) ကြေညာ

စစ်ကောင်စီ လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ရရှိသော ဘွဲ၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများ အပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျန်းကျိန် ဂတိ ခံဝန်ချက် ပြုလုပ်ကြရမည်ဟုလည်း ဖော်ပြထားသည်။

မင်းတပ်(ပအဖ)
မင်းတပ်(ပအဖ)

အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းပြီး ကာလ နောက်ပိုင်း ဝန်ထမ်းအဖြစ် ခန့်အပ်ထားခံရသူနှင့် CDM မပြုလုပ်သည့် ယခင်ဝန်ထမ်းများ အနေဖြင့် ယခုနှစ် ဩဂုတ် ၁၅ရက် နောက်ဆုံးထား၍ CDM ပြုလုပ်ရမည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

Non-CDMများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မည့် အစီအမံများ၊ အဆိုပါ ဝန်ထမ်းများလိုက်နာရမည့် အချက်များကို မင်းတပ်(ပအဖ)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မင်းတပ်(ပအဖ)
မင်းတပ်(ပအဖ)

စစ်ကောင်စီက ဦးစီးဖွင့်လှစ်သော တက္ကသိုလ်၊ကျောင်းများတွင် တက်ရောက်သင်ကြားပြီး ဘွဲ့လက်မှတ်များ ရယူခြင်း၊ CDM ပြုလုပ်ခြင်းမရှိဘဲ မင်းတပ်မြို့နယ် ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ခြင်း၊ စစ်ဘေးရှောင် ထောက်ပံ့ကြေးများ ရယူခြင်းများ ပြုလုပ်ပြီး ခြံစည်းရိုးနှစ်ဖက် ခွထိုင်သည့် သူများ ရှိနေကြောင်း စိစစ်တွေ့ရှိရ၍ အရေးယူဆောင် ရွက်မည့် အခြေအနေကို အသိပေး ကြေညာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မှစ၍ အရေးတော်ပုံ အောင်မြင်သည့် ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ အခြေခံအထက်တန်းကျောင်းများတွင် တက်ရောက်အောင်မြင်ရရှိသည့် ဘွဲ့၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို လုံး၀ အသိအမှတ်မပြုကြောင်း မင်းတပ် ပအဖက ကြေညာသည်။

စစ်ကောင်စီ လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ရရှိသော ဘွဲ၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများ အပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျန်းကျိန် ဂတိ ခံဝန်ချက် ပြုလုပ်ကြရမည်ဟုလည်း ဖော်ပြထားသည်။

ကြေညာချက်ပါ အချက်များ လိုက်နာဆောင်ရွက်ခြင်းမရှိသော Non-CDM ဝန်ထမ်းများကို မင်းတပ်မြို့နယ် ကျေးရွာများမှ နယ်နှင်ဒဏ်ပြုလုပ်ခြင်း၊ နာမည်ပျက် စာရင်းရေးသွင်းမှတ်တမ်းတင်ပြီး ကြေညာခြင်း၊ လူမှုရေးပြစ်ဒဏ် ပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) တပ်ရင်း၊ တပ်ဖွဲ့များ ၏ အကူအညီ ရယူ၍ ထိရောက်စွာ အင်အားသုံး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မင်းတပ်(ပအဖ)က တင်ဒါအောင် ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များ စံချိန် စံညွှန်း သတ်မှတ်ချက်များ ပြည့်မှီခြင်းရှိမရှိ စစ်ဆေးသွားမည့် ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မင်းတပ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်သော ဒေသခံ ကုမ္ပဏီများကို တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုမပြု မင်းတပ် ပအဖနှင့် မင်းတပ် CDF ဆွေးနွေးခဲ့ရာ ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တင်ဒါအောင်၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် စံချိန် စံညွှန်း သတ်မှတ်ချက်များ ပြည့်မီအောင် ဆောင်ရွက်ရန် နှင့် ပြည့်မီခြင်းရှိမရှိ စိစစ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြည်ပနေ တော်လှန်ရေးရဲဘော်များအား မေတ္တာရပ်ခံချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး အောင်မြင်အောင် ဆက်လက် တိုက်ပွဲဝင်နိုင်ရန် ပြည်ပရောက် မင်းတပ်သူမင်းတပ်သား တော်လှန်ရေး ရဲဘော်များအနေဖြင့် မိမိပါဝင်သော တော်လှန်ရေးအဖွဲ့အစည်း IMCO၊ တောင်ပိုင်းချင်းအမျိုးသားညီညွတ်ရေးကော်မတီနှင့် အခြားအဖွဲ့အစည်းများက သတ်မှတ်သည့် လစဉ်ကြေးများကို မိမိပါဝင်သည့် တော်လှန်ရေးအဖွဲ့အစည်းတွင် ထည့်ဝင်ပေးကြရန် ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး Auto Gun၊ 40 MM၊ Sniper တို့ကို အသုံးပြုကာ နေရာခွဲ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။

သတင်း

"မြေပြင်သတင်းအရ အဲ့ဒါ( စစ်ကောင်စီကအရပ်သားသုံးဦးအားသေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသည့် ဖြစ်စဥ်) ဟုတ်ပါတယ်ခင်ဗျ"ဟု SSPP Pတာဝန်ရှိသူတစ်ဦးက People's Spring သို့ပြောသည်။

သတင်း

ဇူလိုင် ၁၉ရက် နံနက် ၁၁နာရီခန့်တွင် ဆင်ချောင်းရွာမှ ရေစကြိုမြို့သို့ထွက် လာသည့် စစ်ကောင်စီ တပ် ကားတစ်စီးကို သက်ရွာအနီး၌ မိုင်း သုံးလုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။