Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သည် ဇွန်လ ၂၅ရက်ကလည်းအဆိုပါဒေသရှိ ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျတ်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ်ခြင်းများကြောင့် ထုံးဘိုလေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် သထုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဇူလိုင်၂၉ရက် နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီ ၏ ပိန္နဲတောတပ်စခန်းမှ လက်နက်ကြီး ၇လုံးပစ် ခတ်ခဲ့ရာ သထုံမြို့နယ် မင်းလွင်ကျေးနယ်၊ ထီးညာလူကျေးရွာ အတွင်းသို့ နှစ်လုံးကျရောက်ပေါက်ပွဲပြီး အသက် (၄၈)နှစ်အရွယ် အမျိုးသမီး တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် အသက်ဆုံးရှုံးခဲ့ရသည့် နော်ကပေါ်ထူး ၏ သမီးဖြစ်သူ နော်ထွေးထွေးအေးနှင့် ထီးညာလူရွာသား တီးအောင်ဇေယျတို့မှာလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

နော်ထွေးထွေးအေးမှာ အသက် (၁၅)နှစ်သာရှိသေးပြီး ဘယ်ခြေနှင့် ဘယ်လက်တို့အား လက်နက်ကြီးစထိမှန်ခဲ့ကာ အသက် ၆၆ နှစ်အရွယ် တီးအောင်ဇေယျ မှာလည်း လက်နက်ကြီးစထိမှန်ခဲ့၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၅ရက်ကလည်းအဆိုပါဒေသရှိ ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျတ်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ်ခြင်းများကြောင့် ထုံးဘိုလေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၃၀ရက်ကလည်းမန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ ပျူစောထီးများကို စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ပေး ကာ သေနတ်နှင့်ကျည်များ ပေးအပ်ခဲ့သည်ဟု Mandalay Free Press-MFPသတင်းဌာနက ဖော်ပြထားသည်။

သတင်း

စစ်အုပ်စုရဲ့သတင်းဖြန့်ချက်အရ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ အခမ်းအနားလုပ်ပြီး လက်နက် တပ်ပေးခဲ့တာလို့သိရပါတယ်။

သတင်း

ဇူလိုင်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂၁)ကြိမ်တိုက်ခိုက်ခဲ့ပြီး လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့ကာ စစ်ကြောင်းထိုးစဥ် ပြည်သူနေအိမ် တစ်လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း အသိပေးသည်။

သတင်း

အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနဲ့ ၈ လမ်းမှာရှိတဲ့နေအိမ်ကို ဝင်စီးကာ လူငယ် ၁၀ ဦးခန့်ဖမ်းဆီးသွားတာလို့ သိရပါတယ်။