Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ဖို့ စဉ်းစားနေပေမယ့် အတိအကျ မဆုံးဖြတ်သေးဘူးလို့ဆို

အမေရိကန် လွှတ်တော်ထဲမှာတော့ အတော်လေး များပြားတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကန်တွေကပါ ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်ပိုင်ခွင့် ရှိတယ်လို့ ထောက်ခံနေပြီး ဒီကိစ္စနဲ့ ပတ်သက်ရင် အလေးအနက် သတိထား ချဉ်းကပ်သင့်ကြောင်း ထောက်ပြသူ တချို့လည်း ရှိနေပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ဖို့ စဉ်းစားနေပေမယ့် အတိအကျ မဆုံးဖြတ်သေးဘူးလို့ဆို
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ဖို့ စဉ်းစားနေပေမယ့် အတိအကျ မဆုံးဖြတ်သေးဘူးလို့ဆို

အတိအကျ မဆုံးဖြတ်သေးပေမယ့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီဟာ ထိုင်ဝမ်ကို လာရောက်ဖို့ စဉ်းစားနေကြောင်း ထိုင်ဝမ်နဲ့ အမေရိကန် အစိုးရ အရာရှိတွေက ပြောကြားခဲ့ကြပါတယ်။

တရုတ်က ပလော့စီ အနေနဲ့ ထိုင်ဝမ်မြေကို ခြေမချဖို့ တင်းတင်းမာမာ သတိပေးနေချိန်မှာ အမေရိကန်နဲ့ ထိုင်ဝမ် အစိုးရတွေဖက်က အခုလို အသံထွက်လာတာ ဖြစ်ပါတယ်။ ပလော့စီဟာ အာရှ ၄ နိုင်ငံကို ခရီးလှည့်လည်မယ့် အမေရိကန် သံအရာရှိတွေကို ဦးဆောင်လာပြီး အခုအခါ စင်ကာပူကို ရောက်ရှိနေပါတယ်။ သူဟာ အဲဒီခရီးစဉ်နဲ့ ဆက်စပ်ပြီး ထိုင်ဝမ်ကို လှည့်ဝင်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကို လက်အောက်ခံ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ တရုတ်က ထိုင်ဝမ်ရဲ့ သံတမန်ရေးရာ ကဏ္ဍကို လက်ဝါးကြီး အုပ်ထားချင်တာကြောင့် အမေရိကန်ရဲ့ အဆင့်မြင့် အရာရှိတစ်ဦး ထိုင်ဝမ်ကို ရောက်လာမယ့် ကိစ္စအပေါ် ဘယ်လိုမှ လက်မခံနိုင်ဘဲ ဖြစ်နေပါတယ်။

အမေရိကန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ ပလော့စီရဲ့ ရာထူးဟာ သမ္မတလိုပဲ အုပ်ချုပ်ရေး ကဏ္ဍသုံးရပ်ရဲ့ အဓိက နေရာမှာ အပါအဝင် ဖြစ်နေပါတယ်။ တကယ်လို့ သူသာ ထိုင်ဝမ်ကို ရောက်ရှိခဲ့မယ်ဆိုရင် တရုတ်နဲ့ ရေလက်ကြား တစ်ခုသာခြားတဲ့ ကျွန်းနိုင်ငံဆီ ၂၅ နှစ်တာအတွင်း ခြေချခဲ့ဖူးသမျှ အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိ ဖြစ်လာမှာပါ။

ပလော့စီဟာ အခုနှစ် အစောပိုင်း ကတည်းက ထိုင်ဝမ်ကို သွားရောက်ဖို့ စီစဉ်ဖူးပေမယ့် ကိုဗစ်ရောဂါ ကူးစက် ခံလိုက်ရတာကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။ အာရှ ခရီးစဉ်အတွက် အမေရိကန်က ထွက်ခွာလာပြီး ဟာဝိုင်ယီမှာ တစ်ထောက်နားတုန်းက ပလော့စီက စင်ကာပူ၊ မလေးရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို သွားရောက်မယ်လို့ ပြောခဲ့ပေမယ့် ထိုင်ဝမ်အကြောင်း ထည့်သွင်း ရည်ညွှန်းခဲ့တာတော့ မရှိပါဘူး။

တရုတ်ကတော့ ပလော့စီ ထိုင်ဝမ်ကို သွားရောက်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေအပေါ် ပြင်းပြင်းထန်ထန် ကြိုတင် ကန့်ကွက်ထားသလို ထိုင်ဝမ် ရေလက်ကြားနားမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး အင်အားပြ စစ်ရေး လေ့ကျင့်နေပါတယ်။ အမေရိကန် အစိုးရက ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားမသွားဆိုတာ တိတိကျကျ မှတ်ချက် မပေးသေးပေမယ့် တကယ်လို့သာ ခရီးစဉ် ဖြစ်မြောက်ခဲ့ရင် ရေတပ်၊ လေတပ် အင်အားအပြည့် လုံခြုံရေး စောင့်ကြပ်ပေးဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက အသင့်စီစဉ်ထားပါတယ်။

လေ့လာသူတွေကတော့ ပလော့စီသာ ထိုင်ဝမ်ကို သွားရောက်ဖို့ အမှန်တကယ် ဆုံးဖြတ်ခဲ့မယ်ဆိုရင် တရုတ်-အမေရိကန် ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်သွားစေမယ်လို့ သုံးသပ်ထားကြပါတယ်။ လောလောဆယ်မှာ အမေရိကန်ရော၊ ထိုင်ဝမ်ကပါ အစိုးရ အရာရှိတွေက ပလော့စီ အနေနဲ့ ဒီကိစ္စကို စဉ်းစားနေကြောင်း အတည်ပြုထားပြီး ခရီးစဉ် ဖြစ်မြောက်မလား ဆိုတာကိုတော့ တပ်အပ် မပြောခဲ့ပါဘူး။

အမေရိကန် လွှတ်တော်ထဲမှာတော့ အတော်လေး များပြားတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကန်တွေကပါ ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်ပိုင်ခွင့် ရှိတယ်လို့ ထောက်ခံနေပြီး ဒီကိစ္စနဲ့ ပတ်သက်ရင် အလေးအနက် သတိထား ချဉ်းကပ်သင့်ကြောင်း ထောက်ပြသူ တချို့လည်း ရှိနေပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

နိုင်ငံတကာရေးရာ လေ့လာသူတွေက တကယ်သာ ထိုင်ဝမ်မြေမှာ ပလော့စီက ခြေချလိုက်ပြီဆိုရင် တရုတ်နဲ့ အမေရိကန်ကြားက တင်းမာမှုဟာ အဆိုးတကာ့ အဆိုးဆုံး အဆင့်မျိုး ရောက်သွားနိုင်ကြောင်း သတိပေးထားပါတယ်။ လက်ရှိ အခြေအနေမှာတောင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေ တော်တော်များများအတွင်း အအေးခဲဆုံး အနေအထားဆီ ဦးတည်နေပါတယ်။

သတင်း

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သတင်း

ထို့အပြင် “မိမိကိုယ်ကို မျိုးစေ့အဖြစ် ကြဲပက်ခဲ့သူအာဇာနည်အပေါင်း၏ ကျေးဇူးဂုဏ်ကို ရည်မှန်း” ရင်းအရေးတော်ပုံအောင်သည်အထိ ကြိုးစားတွန်းလှန်သွားမည် ဟု သံန္နိဌာန်ပြုခဲ့ကြကြောင်း သိရသည်။

သတင်း

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က လက်ရှိ အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သေဒဏ် ချမှတ် ခံထားရသူ ၁၀၀ ကျော် ရှိနေသေးပြီး ဘက်ပေါင်းစုံ ဖိအားပေးမှုတွေသာ မရှိရင် အဲဒီ အကျဉ်းသားတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေကြောင်း သတိပေးထားပါတယ်။