Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး – ထန်တလန်အကြား ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းရဟု CDF – ဇိုဖေအသိပေး

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်-CDF(ဇိုဖေ)
ချင်းကာကွယ်ရေးတပ်-CDF(ဇိုဖေ)

ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအောက်ပိုင်းတွင် ယမန်နေ့ (ဩဂုတ် ၁ရက်)က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း တစ်လောင်း ရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-CDF(ဇိုဖေ)က ထုတ်ပြန်သည်။

CDF-ဇိုဖေ၏ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journal က မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့သည်။ ဇူလိုင် ၃၀ရက် တိုက်ပွဲ၌ အထိနာပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ် သည် ဟားခါးဘက်သို့ မပြန်ဘဲ အဆိုပါဒေသ၌ ဆက်လက်ရှိနေခဲ့ကြောင်း၊ ဩဂုတ် ၁ရက် မွန်းလွဲ ၂နာရီတွင် တိုက်ပွဲစတင်ခဲ့ရာ ၆နာရီ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် စစ်သားအလောင်းတစ်လောင်းအား တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဖက်က ရရှိသော်လည်း ညပိုင်းဖြစ်၍ စစ်ကောင်စီဘက်က အခြား သေဆုံးထိခိုက်ရှိ၊မရှိမသိနိုင်ဟု CDF- ဇိုဖေက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် သီမစ်ဒေသ၌ အခြေချနိုင်ရန် တပ်အင်အား ဖြည့်တင်းမှုများ ဆက်လက် ပြုလျှက်ရှိ၍ ပြည်သူများအနေဖြင့် သီမစ်-ကြောင်ထီးယားရွာအကြားနှင့်ဟားခါး-ထန်တန် အကြားတွင် ခရီးသွားလားခြင်းမပြုကြရန် CDF – ဇိုဖေက ထုတ်ပြန်ထားသည်ဟု The Chin Journalက ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(သြဂုတ်၂ရက်)တွင်မူ အဆိုပါအကြမ်းဖက်စစ်ကြောင်းသ​ည် ဒီပဲယင်းမြို့တော်ခန်းမအတွင်းသို့ ပြန်ဝင်ကာ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။

သတင်း

"သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်"ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။