Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးတွင် လေးရက်အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်၊ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၅ဦးခန့်သေဟုဆို

ယနေ့(သြဂုတ်၂ရက်)တွင်မူ အဆိုပါအကြမ်းဖက်စစ်ကြောင်းသ​ည် ဒီပဲယင်းမြို့တော်ခန်းမအတွင်းသို့ ပြန်ဝင်ကာ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော တင်းတိမ်ရံရွာမြင်ကွင်း၊ ဓာတ်ပုံ-အဖြူရောင် DPY
အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော တင်းတိမ်ရံရွာမြင်ကွင်း၊ ဓာတ်ပုံ-အဖြူရောင် DPY

ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဒေသတွင်း PDF များ လေးရက်အတွင်း တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၂၅ ဦးခန့် သေဆုံးကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို ဇူလိုင်၂၈ရက်မှ ၃၁ရက်အထိ အင်အား ၁၄၀ခန့်ဖြင့် စစ်ကြောင်းထိုး အကြမ်းဖက်ခဲ့သည်။

တင်းတိမ်ရံကျေးရွာကို သုံးရက်တိုင် မွှေနှောက်ဖျက်ဆီးခဲ့ပြီး စျေးဆိုင်ခန်းပေါင်း ၂၀၀ကျော်၊ နေအိမ်၁၀၀ ကျော်နှင့် ကား၊ သုံးဘီး အစရှိသည့်ပစ္စည်းများအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အဆိုပါ စစ်ကြောင်းနှင့် ဒေသတွင်း ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော DRPA ၊FRF၊KUGF ၊ Hero Army ၊ ဗိုလ်လရောင်(LDF)၊ ရွှေဘိုခရိုင်ရင်း(၁၂)၊ ဒေသခံကာကွယ်ရေးအဖွဲ့များပါသော ပူးပေါင်းတပ်နှင့် ဇူလိုင်၂၈ ရက်မှ ၃၁ ရက်အထိ ခြောက်ကြိမ်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DRPA အဖွဲ့က ထုတ်ပြန်သည်။

ထိုတိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဘက်က စစ်ဗိုလ်တစ်ဦး အပါအဝင် ၂၅ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း DRPAက အသိပေးသည်။

ပူး‌ပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိဟု DRPAက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် အနောက်ခြမ်းကျေးရွာများဖြစ်သည့် သံသည်၊ဇဝ၊ နှောကုန်း၊ ကုန်းတန်း၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ မဲအိုး၊ ဖလံဂုဏ်၊ ကံပေါက်၊ ကုန်းသာ၊ ပေါက်တော၊ မြို့ကြီး၊ ထန်းတော၊ တင်းတိန်ရံ စသည့်ကျေးရွာများကို ဇူလိုင်၂၈ရက်မှစ၍ ပစ်ခတ်ဝင်ရောက်ကာ မွှေနှောက်ဖျက်ဆီး ခိုးယူမှုများ ပြုလုပ်ခဲ့သည်။

ယနေ့(သြဂုတ်၂ရက်)တွင်မူ အဆိုပါအကြမ်းဖက်စစ်ကြောင်းသ​ည် ဒီပဲယင်းမြို့တော်ခန်းမအတွင်းသို့ ပြန်ဝင်ကာ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရေဖြူမြို့နယ်ရှိ အထက်ပါတိုက်ခိုက်မှုများကို DGRF ၊ လောင်းလုံ(ပကဖ)LLPDF ၊ T-PDF စသည့်မဟာ မိတ်တပ်များမှ အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။