Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်

“သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်”ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

အုတ်ဖိုမြို့နယ်
အုတ်ဖိုမြို့နယ်

စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သုံးဦးသေဟုဆို

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ (သြဂုတ် ၁)ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယမန်နေ့ မွန်းလွဲပိုင်းက အုတ်ဖို့မြို့နယ်၊ ဝိုင်းအုပ်စု၊ ကန့်နီရွာအနီး ကားသုံးစီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး (ဗျူဟာမှူး စုံစမ်းဆဲ) အပါအဝင် သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်”ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

အထက်ပါ ကန့်နီရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူးခင်စိန်အား သာယာဝတီခရိုင် PDF တပ်ရင်းနှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၃၁ ရက်တွင် သုတ်သင်ရှင်းလင်းခဲ့ရာ နောက်တစ်နေ့ ဖြစ်သည့် သြဂုတ် ၁ရက်တွင် ကန့်နီရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရ၍ အရာရှိအပါအဝင် သုံးဦးသေဆုံးခဲ့သော စစ်ကောင်စီတပ် သည် တပ်မ (၆၆)လက်အောက်ခံ အုတ်ဖိုမြို့နယ်အခြေစိုက် အမှတ်(၆) တပ်ရင်းမှဖြစ်ကြောင်း ယာယာဝတီခရိုင်း PDF တပ်ရင်းက အသိပေးသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) အမှတ်(၂)တပ်နှင့် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ကမ္ဘောဒီးယားခရီးစဉ်အတွင်း အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းဖိုရမ်၌လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ပလက်၀မြို့နယ် ရှင်းလက်၀နှင့် ဆင်အိုး၀ကြား၌ စစ်ကောင်စီတပ်က တပ်စခန်းချရန် ပြင်ဆင်နေကြောင်း သတင်းရသည် ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။