Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာနှင့် အရာတော်တွင် ပြည်သူများ မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ဒေသတွင်းအဖွဲ့များ သတိပေး

မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုး​မြင့်မည်ဖြစ်ပါသဖြင့် ​အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။

မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာ စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် ဓာတ်ပုံ-Cj
မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာ စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း မုံရွာနှင့် အရာတော်မြို့နယ်များတွင် ဒေသခံပြည်သူများအနေဖြင့် မလိုအပ်ဘဲ လမ်းပေါ်ထွက်ခြင်း၊ ခရီးသွားခြင်းများ မပြုလုပ်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာလိုက်သည်။

မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုး​မြင့်မည်ဖြစ်ပါသဖြင့် ​အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ အရာတော်မြို့နယ်တွင်လည်း မလိုအပ်ဘဲ ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရေးပေါ်သတိပေးထုတ်ပြန်သည်။

ဩဂုတ် ၁ ရက်က မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာကို ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီသားများသည် အရာတော်မြို့နယ် ကံရင်းကျေးရွာတွင် ရောက်ရှိတပ်စွဲလျက်ရှိပြီး လာမည့်ရက်ပိုင်းအတွင်း အရာတော် တောင်လက် တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ နိုင်သည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

အရာတော်မြို့‌ပေါ်တွင်လည်း အဝင်၊အထွက်များတွင် စစ်ဆေးတားဆီး ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ လုံခြုံရေးအတွက် ယခုရက်ပိုင်းအတွင်း ကျန်းမာရေးကိစ္စမှလွဲ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန်နှင့် မဖြစ်မနေ သွားလာရန်လိုအပ်ပါက ဒေသခံ တော်လှန်ရေးအဖွဲ့ အစည်းများအား အကြောင်းကြား ပြီးမှသာ သွားလာကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာထား သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

သတင်း

လက်ရှိတွင်လည်း အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေ၍ မြို့နယ်တွင်း မလိုအပ်ပဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထားသည်။

သတင်း

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။