Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်ရဲ့ အင်အားပြ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ အမေရိကန်ပြော

ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ယူဆထားတဲ့ တရုတ် အစိုးရကတော့ ပလော့စီရဲ့ ခရီးစဉ်ဟာ အမေရိကန်ရဲ့ ကျူးကျော် ရန်စမှု ပုံစံတစ်ခုလို့ ယူဆပြီး တင်းတင်းမာမာ ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျွန်းနဲ့ ရေလက်ကြားပဲခြားတဲ့ တရုတ်ပိုင် ဖူကျန်းဒေသမှာ တရုတ်က လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့် ပြခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်ရဲ့ အင်အားပြ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ အမေရိကန်ပြော
ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်ရဲ့ အင်အားပြ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ အမေရိကန်ပြော

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီက ထိုင်ဝမ်ကို သွားရောက်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ်ရဲ့ ပြင်းပြင်းထန်ထန် အင်အားပြ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်ကြောင်း အမေရိကန် အစိုးရက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ပလော့စီဟာ အမေရိကန် လွှတ်တော် အမတ်တချို့ကို ဦးဆောင်ပြီး အာရှတိုက် အရှေ့ပိုင်းက ၄ နိုင်ငံဆီ တရားဝင် အလည်အပတ်ခရီး သွားရောက်နေပါတယ်။ သူဟာ စင်ကာပူမှာ အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် မလေးရှားကို ဆိုက်ရောက်လာပါတယ်။ နောက်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားတို့ဆီ ခရီးဆက်ဦးမှာ ဖြစ်ပါတယ်။

ပလော့စီက တရားဝင် ကြေညာမထားပေမယ့် ဒီခရီးစဉ်အတွင်းမှာ ထိုင်ဝမ်ကို ခဏတာ ဝင်ရောက်လည်ပတ်တာမျိုး ရှိလာနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ထိုင်ဝမ်နဲ့ အမေရိကန် အစိုးရ အရာရှိ တချို့က ပလော့စီဟာ ဩဂုတ် ၂ ရက် ညပိုင်းမှာ ထိုင်ဝမ်ကို ဆိုက်ရောက်လာနိုင်တယ်လို့ မှတ်ချက် ပေးထားပေမယ့် ပလော့စီက ကြေညာချက် ထုတ်ပြန် အတည်ပြုထားတာတော့ မရှိပါဘူး။

ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ယူဆထားတဲ့ တရုတ် အစိုးရကတော့ ပလော့စီရဲ့ ခရီးစဉ်ဟာ အမေရိကန်ရဲ့ ကျူးကျော် ရန်စမှု ပုံစံတစ်ခုလို့ ယူဆပြီး တင်းတင်းမာမာ ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျွန်းနဲ့ ရေလက်ကြားပဲခြားတဲ့ တရုတ်ပိုင် ဖူကျန်းဒေသမှာ တရုတ်က လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့် ပြခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တကယ်လို့ ပလော့စီသာ ထိုင်ဝမ်မြေမှာ အမှန်တက် ခြေချခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ တပြုံတမကြီး ကြုံလာရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော်က အခု သီတင်းပတ်အတွင်း ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ် ရေတပ်၊ လေတပ် လှုပ်ရှားမှုတွေ ပိုပြီး ထူထပ်များပြားလာနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ပြီး ဒုံးကျည် စမ်းသပ် ပစ်ခတ်တာမျိုးတွေကို တွေ့ရဖို့လည်း မျှော်လင့်ထားကြောင်း ဆိုပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ် မီဒီယာတွေမှာ ဖော်ပြနေကြသလို ပလော့စီသာ ထိုင်ပေမြို့ကို အမှန်တကယ် ရောက်ရှိလာရင်တော့ ထိုင်ဝမ်မြေမှာ ခြေချဖူးသမျှ ရာထူးအကြီးဆုံး အမေရိကန် အစိုးရ အရာရှိတစ်ဦး ဖြစ်လာမှာပါ။ တစ်နည်းအားဖြင့် ထိုင်ဝမ်ရဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေကို လိုက်လံ ပိတ်ဆို့နေတဲ့ တရုတ်ရဲ့ လုပ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပြလိုက်တဲ့ သဘောလည်း ဖြစ်လာမှာပါ။

ပလော့စီက ထိုင်ဝမ်ကို သွားရောက်မယ်လို့ တရားဝင် ထုတ်မပြောပေမယ့် ဒီမိုကရေစီ ပြည့်ဝတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ကျွန်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ဆူဆန်ချန်းက ရင်းနှီးခင်မင်တဲ့ သဘောနဲ့ ရောက်ရှိလာတဲ့ ဘယ်လို ပြည်ပ ဧည့်သည်ကိုမဆို နွေးနွေးထွေးထွေး ကြိုဆိုသွားမယ်လို့ ပြောကြားထားပါတယ်။

ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်အတွက် အတည်ပြု ဆုံးဖြတ်ထားတာ မရှိသေးပေမယ့် အမေရိကန် ရေတပ်နဲ့ လေတပ်ကတော့ လိုအပ်လာရင် လုံခြုံရေး ထောက်ပံ့ပေးဖို့ ထိုင်ဝမ်ကျွန်းနားမှာ အသင့် နေရာယူထားကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ တစ်ဖက်မှာလည်း တရုတ် အစိုးရရဲ့ လော်ဘီတွေက ပလော့စီသာ အမေရိကန် တိုက်လေယာဉ်တွေ ခြံရံပြီး လေကြောင်းကနေ ထိုင်ဝမ်ကို ဦးတည်လာမယ်ဆိုရင် တရုတ် လေယာဉ်တွေက ကြားဖြတ် ပစ်ချသင့်တယ်လို့တောင် ဆော်ဩနေကြပါတယ်။

ပလော့စီဟာ တရုတ်ကို တင်းတင်းမာမာ ဆန့်ကျင်လိုတဲ့ သဘောထား ရှိသူ တစ်ယောက်အဖြစ် လူသိများပြီး အခုနှစ် အစောပိုင်းမှာ ကတည်းက ထိုင်ဝမ်ကို သွားရောက်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကိုဗစ်ရောဂါ ကူးစက် ခံရတာကြောင့် သူ့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတာလို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

၂၀၂၀ ပြည့်နှစ်မှာ အာဖဂန်က အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဘေးရန်ကင်းကင်း ပြန်လည် ရုပ်သိမ်းဖို့ သဘောတူညီချက် အနေနဲ့ တာလီဘန်တွေက အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ ကူညီမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်နဲ့ အယ်လ်ကိုင်ဒါတွေဟာ မဟာမိတ်တွေအဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပြီးသားပါ။

သတင်း

ထို့အပြင် အမေရိကန်အနေဖြင့် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော်ထဲမှာတော့ အတော်လေး များပြားတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကန်တွေကပါ ပလော့စီ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်ပိုင်ခွင့် ရှိတယ်လို့ ထောက်ခံနေပြီး ဒီကိစ္စနဲ့ ပတ်သက်ရင် အလေးအနက် သတိထား ချဉ်းကပ်သင့်ကြောင်း ထောက်ပြသူ တချို့လည်း ရှိနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်များ/အတည်ပြုမိန့်များထုတ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု NUGကဆိုထားသည်။