Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တလေးလမ်းတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းများအား တိုက်ခိုက်ခဲ့ရာ ၂၀ ထက်မနည်းသေဆုံး​ချောင်းဦးပကဖ​ပြော

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

(ယမန်နေ့က မုံရွာ-မန္တလေးလမ်းပေါ် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်​နေစဥ်)
(ယမန်နေ့က မုံရွာ-မန္တလေးလမ်းပေါ် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်​နေစဥ်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်၏ ကင်းပုန်းနေရာ ၅ နေရာအား တိုက်ခိုက်ရာစစ်သား ၂၀ထက်မနည်းသေဆုံးကြောင်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်လ ၂ ရက်နေ့) နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၆၀ ခန့်ပါ သံပြားကာကားနှစ်စီးသည်မုံရွာမြို့မှထွက်လာပြီးစစ်ကောင်စီယာဥ်တန်းဖြတ်သန်းရန်အတွက် မုံရွာ-မန္တလေးလမ်းတစ်လျှောက်ကင်းပုန်းချခဲ့သည်။

CHU PDF တပ်ခွဲ၄(မိုင်းတပ်ခွဲ)၏ ရဲဘော်များက ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာကြားရှိ ကင်းပုန်း ၃ ခုကို ပဒေသာမိုင်း ၂လုံး၊ရှေ့ထွက်မိုင်း ၁ လုံးတို့ဖြင့်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးနှင့်အထက် သေဆုံးကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုအပြင်အောင်ချမ်းသာရွာနှင့် ချောင်းဦးမြို့ကြားရှိ ကင်းပုန်းများကိုလည်း ပဒေသာမိုင်း ၂ လုံးဖြင့် နှစ်နေရာခွဲ တိုက်ခိုက်ခဲ့ရာ တစ်နေရာတွင် ၁၀ဦး၊ အခြားတစ်နေရာတွင် ၄ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်ဟု အလောင်းများကို သယ်ဆောင်ပေးခဲ့သူများထံက သိရကြောင်း ချောင်းဦး ပ.က.ဖ က ထပ်မံအသိပေးသည်။

ထို့နောက် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်လာသော ၃၇စီးပါ အကြမ်းဖက်စစ်ကောင်စီ ရိက္ခာယာဥ်တန်းကိုလည်း ချောင်းဦးမြို့ပေါ်တွင် ပဒေသာမိုင်းတစ်လုံး၊ ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် ပဒေသာမိုင်း၄လုံး၊ ရှေ့ထွက်မိုင်းတစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ပြီးထိခိုက်မှုကိုမသိရသေးကြောင်းချောင်းဦး ပ.က.ဖ ကထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ချောင်းဦး ပ.က.ဖအဖွဲ့ထံဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့က မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

သတင်း

ဇူလိုင် ၂၁ရက်က ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ် တွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) ၊KNDF တပ်ရင်း (၃)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

"ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်"ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။