Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနယ် လက်ပန်ကျင်းရွာ၌ ဖမ်းဆီးခံထားရသော ကလေးနှင့်ပြည်သူများ လွတ်မြောက်

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

လက်ပန်ကျင်းရွာအား ပစ်ခတ်ခဲ့သည့် ရဟတ်ယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
လက်ပန်ကျင်းရွာအား ပစ်ခတ်ခဲ့သည့် ရဟတ်ယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ‌ဒေသခံ ၁၀ဦး ထက်မနည်း သေဆုံး

မြင်းမူမြို့နယ် လက်ပန်ကျင်းကျေးရွာရှိ ဖမ်းဆီးခံထားရသော ကလေးများနှင့် ဒေသခံပြည်သူများ လွတ်မြောက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၁၀ဦးထက်မနည်းကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် လက်ပံကျင်းရွာကို ယမန်နေ့ (သြဂုတ်၁ရက်) နံနက်၁၁နာရီခွဲဝန်းကျင်က Mi- 35 တစ်စီ၊ ရိုးရိုး သုံးစီးနှင့် ၁နာရီကျော်ကြာအောင်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ပြီး KG တန်းကလေးငယ် ၆၀ ​ကျော်နှင့် ပြည်သူ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယနေ့ညနေပိုင်းတွင်မူ ကလေးနှင့်ပြည်သူများအား အကြမ်းဖက်စစ်တပ်က ပြန်လွှတ်ပေး လိုက်ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“မြင်းမူ ကာကွယ်ရေးအဖွဲ့များရဲ့ ကြိုးစားမှုကြောင့် ကလေးလေးတွေနဲ့ ပြည်သူများ လွတ်မြောက်သွားပါပြီ။ ဒါပေမယ့် ပေးဆပ်လိုက်ရတာတွေလည်း အတော်များပြီး စိတ်မကောင်း စရာတွေပါ။ ၂ရက်ပေါင်း ပြည်သူချည်း ၁၀ဦးအသတ်ခံထားရပြီး ပိုများနိုင်ပါတယ်။”ဟု ကိုနွေဦး-မြောင်က ပြောသည်။

Public Service Announcement
Public Service Announcement

​ယမန်နေ့က လေယာဥ်ဖြင့်ပစ်ခတ်ရာမှ ကွမ်းခြံတွင်း ပြည်သူတစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦး၊ ထွန်စက်မောင်းနေသူ ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် အမျိုးသားတစ်ဦးလည်း စာသင်ကျောင်းအနောက်ဘက်၌ လက်ပြန်ကြိုးတုတ်ကာ ပစ်သတ်ခံရသည်။

ယနေ့(သြဂုတ်၂ရက်)တွင်လည်း ကျေးရွာအတွင်း၌ ဒေသခံ ခြောက်ဦး ထက်မနည်း သတ်ဖြတ်ခံထားရပြီး နေရာအစုံမရှာရသေး၍ အရေအတွက် တိုးလာနိုင်ကြောင်း ကိုနွေဦး-မြောင်က ပြောသည်။

လေယာဥ်ဖြင့်ပစ်ခတ်ခဲ့၍ ကျေးရွာဓမ္မာရုံပျက်စီးခဲ့ပြီး Black Eagle စခန်းနှင့် အခြားစခန်းတစ်ခုအား မီးရှို့သွားခဲ့သည်ဟု ဆိုသည်။

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်ပံကျင်းရွာ အနောက်ဘက် သို့ ရောက်နေကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

သတင်း

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနဲ့ ၈ လမ်းမှာရှိတဲ့နေအိမ်ကို ဝင်စီးကာ လူငယ် ၁၀ ဦးခန့်ဖမ်းဆီးသွားတာလို့ သိရပါတယ်။