Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ္တလင်းမြို့နယ်မှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦးကိုနတ်တလင်းစစ်သည်အဖွဲ့ ပစ်ခတ်ရှင်းလင်း

ယမန်နေ့ည ၉ နာရီ ၄၅ ခန့်က နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးဆိုသူကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားကြောင်းဖော်ပြသည်။

နတ္တလင်းမြို့နယ်
နတ္တလင်းမြို့နယ်

ပဲခူးတိုင်း နတ္တလင်းမြို့နယ် မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ၎င်း၏နောက်လိုက်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင်PDFတပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)နတ်စစ်သည်တပ်ဖွဲ့ ကယနေ့(သြဂုတ် ၂)ထုတ် ပြန်သည်။

ယမန်နေ့ည ၉ နာရီ ၄၅ ခန့်က နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးဆိုသူကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားကြောင်းဖော်ပြသည်။

တဆက်တည်းတွင် အုပ်ချုပ်ရေးမှူး လှစိုး၏နောက်လိုက်တစ်ဦးကိုပါ ပစ်ခတ်ရှင်းလင်းခဲ့ရာ ဒဏ်ရာအပြင်းအထန်ရသွားပြီး ဆေးရုံသို့ရောက်သွားကြောင်းအသိပေးသည်။

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးသည် စစ်အာဏာရှင်အလိုကျ သတင်းပေခြင်း၊ ဆည်အထက်ပိုင်းနှင့် အတွင်းပိုင်းရှိ ပြည်သူများအား ရိက္ခာဖြတ်တောက်ခြင်း၊ စက်လှေများအား ဆပ်ကြေးကောက်ခံခြင်းအပါအဝင် ပြည်သူကို အနိုင့်ကျင်ဗိုလ်ကျနေသူဖြစ်ကြောင်း​​ဖော်ပြထားသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးလှစိုးသည် ၎င်း၏သားဖြစ်သူအား ပျူစောထီးအဖွဲ့ထဲဝင်စေပြီး ပြည်သူကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူဖြစ်ကြောင်း လည်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။

သတင်း

လက်ရှိတွင်လည်း အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေ၍ မြို့နယ်တွင်း မလိုအပ်ပဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထားသည်။

သတင်း

အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။