Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူများအား မိုင်းဆွဲတိုက်ခိုက်စစ်သား ၄ ဦးသေဟု နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့​ပြော

အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။

(နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-နတ်တောင်နဂါး)
(နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-နတ်တောင်နဂါး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဧရာဝတီမြစ်ဘေးကျေးရွာများတွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့်ပျူ​စောထီးများအား ​မိုင်းဆွဲတိုက်ခို​က်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်လ၁ရက်) နံနက်၁၀ နာရီခွဲခန့်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ဧရာဝတီမြစ်ဘေးရှိမခေါက်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၅၀ခန့်သည် မခေါက်ရွာမှတောင်ဘက် ဟင်္သာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစစ်ကြောင်းကို ကြိုတင်ပြင်ဆင်ထားသော မိုင်းကွင်းထဲအရောက်တွင် အဝေးထိန်းစနစ်ဖြင့် ရှေ့ထွက်မိုင်း ၃လုံးအား ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ၄ဦးသေဆုံးပြီး ၇ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းနတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။

ထိုစစ်ဆင်ရေးကိုနတ်တောင်နဂါးတပ်ဖွဲ့နှင့်နတ်တောင်နဂါးတပ်ခွဲ(၂) ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မခေါက်ရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူများသည် ထိုနယ်မြေတစ်ဝိုက်သို့ မကြာခဏဝင်ရောက်လျက်ရှိပြီး လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုများအား ချောင်းဦး ပ.က.ဖ ကဦးဆောင်ပြုလုပ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်ညီအစ်ကို နှစ်ဦးအပါအဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ထားသည်။

သတင်း

လက်ရှိတွင်လည်း အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေ၍ မြို့နယ်တွင်း မလိုအပ်ပဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထားသည်။

သတင်း

ယမန်နေ့ည ၉ နာရီ ၄၅ ခန့်က နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးဆိုသူကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားကြောင်းဖော်ပြသည်။