Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုထောင်ရှိ နိုင်ငံ​ရေးအကျဥ်းသားများသပိတ်​မှောက်​နေ

ယင်းသို့ ပေးဆပ်နေမှုများအား အချည်းနှီး မဖြစ်စေရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ (ERO) နှင့် အခြားသော တော်လှန်ရေး အင်အားစုအားလုံး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် ဆက်လက် တိုက်ပွဲဝင်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။

အိုးဘိုထောင်ရှိ နိုင်ငံ​ရေးအကျဥ်းသားများသပိတ်​မှောက်​နေ
အိုးဘိုထောင်ရှိ နိုင်ငံ​ရေးအကျဥ်းသားများသပိတ်​မှောက်​နေ

မန္တလေးမြို့ အိုးဘိုထောင်အကျဥ်းထောင်အတွင်းရှိ မတရားဖမ်းဆီးခံထားရ သည့် နိုင်ငံရေး အကျဥ်းသူ၊ သားများက အကြမ်းဖက် စစ်ကောင်စီ၏ မတရားစီရင်ရေးဖြင့် အမိန့်ချမှတ်ခြင်း၊ သေဒဏ်စီရင်ခြင်းများကို ကန့်ကွက်ပြီး တရားမျှတမှုမရှိသော တရားစီရင်ရေးစနစ်အား သြဂုတ် ၁ ရက်မှစ၍ ပူး​ပေါင်း​ဆောင်ရွက်ခြင်းမရှိ​တော့ဘဲ သပိတ်မှောက်​နေ​ကြောင်း ယနေ့ (သြဂုတ် ၄)တွင်ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်အာဏာရှင် ဆန့်ကျင်သူများအား မတရား ဖမ်းဆီး၍ တရားမျှတမှု မရှိသော တရားစီရင်ရေးစနစ်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်း အပြင် သေဒဏ်ဟုဆိုကာ လူမဆန်စွာ သတ်​ဖြတ်လျက်ရှိသည်။

ထို့ကြောင့် ယင်းကဲ့သို့ မတရားစီရင်ရေးဖြင့် အမိန့်ချမှတ်ခြင်း၊ သေဒဏ်စီရင် ခြင်းများကို ကန့်ကွက်ကြောင်း အိုးဘိုထောင်ရှိ နိုင်ငံရေး အကျဥ်းသူ၊ သားများက သဘောထားထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောက်ဆုံးအချိန်ထိ အသက်ပေးတော်လှန်ဆန့်ကျင်ခဲ့ကြသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် သေဒဏ်စီရင်ခံရသူများအား နိုင်ငံ့သူရဲကောင်းများအဖြစ် မှတ်တမ်းတင်အပ်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။

ယင်းသို့ ပေးဆပ်နေမှုများအား အချည်းနှီး မဖြစ်စေရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ (ERO) နှင့် အခြားသော တော်လှန်ရေး အင်အားစုအားလုံး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် ဆက်လက် တိုက်ပွဲဝင်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။

ယခုကဲ့သို့ တရားမျှတမှု မရှိသော တရားစီရင်ရေးစနစ်အား ပူး​ပေါင်း​ဆောင်ရွက်ခြင်းမပြု​တော့ဘဲ သြဂုတ် ၁ ရက်မှစ၍သပိတ်မှောက် မည်ဖြစ်ပြီး တရားမျှတမှု ရရှိရေး တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။

ဗကသများအဖွဲ့ချုပ်သို့ ပေးပို့လာသော အိုးဘိုထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသူ/သားများ၏ သဘောထားထုတ်ပြန်ကြေညာချက်ကို ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်​ပေးခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်တွေဆီ စစ်ကောင်စီက ပြောင်းရွှေ့တာမျိုးလုပ်ခဲ့တာရှိပါတယ်။

သတင်း

အမျိုးသားအဆောင် အခန်း (၁) ထဲက ၅၀၅ နဲ့အမှုရင်ဆိုင်နေရသူတွေကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ထောင်ပိုင်က ဓားနဲ့ထိုးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောင်တွင်း အခြေအနေကို စုံစမ်းသိရသလောက်ပြောပြပါတယ်။

သတင်း

ဒေါ်ရွက်နုအောင်ဟာ စစ်ကောင်စီဖမ်းဆီးအမှုစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ တစ်ဦးလည်းဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။