Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ကိုင်​တော်လှန်​ရေးကို ​အောင်ပွဲရသည်အထိတိုက်ပွဲဝင်​ပေးကြရန်ထားဝယ်​ထောင်မှနိုင်ငံ​ရေးအကျဥ်းသားများ​တောင်းဆို

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။

ထားဝယ်ထောင်ကို Google Map မှတွေ့ရစဥ်
ထားဝယ်ထောင်ကို Google Map မှတွေ့ရစဥ်

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊စည်းကမ်းနှင့်လမ်းညွန်ချက်များကို လိုက်နာကြီး လက်နက်ကိုင်တော်လှန်ရေးကြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ပေးကြပါရန် အလေးနက်တောင်းဆိုကြောင်းထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုလိုက်သည်။

နွေဦးတော်လှန်ရေးကြီး၏အဓိကအနှစ်သာရသည် ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်သစ်နိုင်ငံတော်ကို ရည်ရွယ်တည်ထောင်ကြရန်ဖြစ်သည်ဟုလည်းစာတွင်​ဖော်ပြထားသည်။

ထားဝယ်​​ထောင်မှ နိုင်ကျဥ်းများ၏ စာ
ထားဝယ်​​ထောင်မှ နိုင်ကျဥ်းများ၏ စာ

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။

PDFခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုအောင်နိုင်၏ မိခင် ဒေါ်ညွန့်လှိုင်ကို စစ်ကောင်စီလက်ပါးစေများက အများပြည်သူရှေ့လူမြင်ကွင်းတွင်ပင် မေ ၂၄ ရက် အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ကိုလည်း ထိန့်လန့်ဝမ်းနည်းကြေကွဲရသည်ဟု ၎င်းတို့ကဆိုထားသည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် မည်သို့သောအကြမ်းဖက်တိုက်ခိုက်မှုမျိုးကို မဆိုပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်ရှုံ့ချသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့၏ သ​ဘောထားကို​ဖော်ပြထားသည်။

ထားဝယ်​ထောင်တွင် နိုင်ငံ​ရေးအကျဥ်းသား ၁၅၈ ဦးရှိပြီး အာဏာသိမ်းစစ်​ကောင်စီကို ဆန့်ကျင်​တော်လှန်​သော​ကြောင့်ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ ပုလဲ၊ယင်းမာပင်အပါအဝင် မြို့နယ်အများစုတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသည်။

သတင်း

အခုနှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး ဒေသခံတွေထိခိုက်သေဆုံးခဲ့ကြရကာ နေအိမ်အဆောက်အဦးတွေ၊ ကျောင်းတွေ ဆေးခန်းတွေ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် စစ်ဘေးရှောင်ဦးရေကလည်း ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။

သတင်း

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံလူထု (၁၀၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။