Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ

“ စစ်ကောင်စီလည်း အခုပြည်သူလူထုက လက်မခံဘူး။ လက်မခံတော့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ လာရောက်ဖွဲ့စည်းရင် ကျွန်တော်တို့ဘက်က ခွင့်မပြုဘူးပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ
သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ

မွန်ပြည်သစ်ပါတီ၊ စစ်ကောင်စီနှင့် NUGတို့အားလုံးကို ရည်ညွှန်းခြင်းဖြစ်သည် ဟု ရှင်းပြ

ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) စီမံအုပ်ချုပ်မှု နယ်မြေအတွင်း မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားများ ဖွဲ့စည်းတည်ဆောက်ခြင်းများကို ခွင့်မပြုကြောင်း KNU သထုံခရိုင်က ထုတ်ပြန် ကြေညာသည်။

KNU သထုံခရိုင် တပ်မဟာ(၁) ခရိုင် အမြဲတမ်း ကော်မတီက ဩဂုတ် ၃ရက် ရက်စွဲဖြင့် ကြေညာ ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မည်သည့်အဖွဲ့အစည်းမှ KNU ၏ စည်းမျဥ်းစည်းကမ်းနှင့် မကိုက်ညီသည့် စည်းရုံးဖွဲ့စည်းခြင်း များကို ခွင့်မပြုကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာများဖြစ်ပေါ်စေခြင်း၊ နားလည်မှု ကွဲလွဲဖြစ်ပေါ်စေခြင်းနှင့် ပြည်သူလူထုများ၏ လုံခြုံမှုကို ထိခိုက်စေခြင်း၊ အခွင့်အရေးဆုံးရှုံးစေခြင်းစသည့်လုပ်ရပ်များ စည်းရုံးဖွဲ့စည်းခြင်းများကို ခွင့်မပြု ကြောင်း ဖော်ပြထားသည်။

သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ
သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ

KNU အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သထုံခရိုင်အတွင်း ပြဿနာ တစ်စုံတစ်ရာ ရှိ၍ ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဟုတ်မဟုတ် တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ၎င်းက အဆင်ပြေကြောင်း ဖြေကြားသည်။

“အဲဒီ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေတယ်။ ဒါပေမဲ့ အဲဒီ ထုတ်ပြန် ကြေညာချက်က မည်သည့်အဖွဲ့မှ ဆိုတာပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ KNU သထုံခရိုင် တပ်မဟာ(၁) နယ်မြေမှာ မွန်ပြည်နယ်အတွင်းမှာ တည်ရှိနေတဲ့ အဲဒီ မွန်ပြည်သစ်ပါတီတွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာတယ်။ သူတို့ အုပ်ချုပ်မှု ယန္တရားတွေ လာရောက်ဖွဲ့စည်းတာ လက်မခံဘူး” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ဆွေးနွေးဆက်ဆံလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

“စစ်ကောင်စီလည်း အခုပြည်သူလူထုက လက်မခံဘူး။ လက်မခံတော့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ လာရောက်ဖွဲ့စည်းရင် ကျွန်တော်တို့ဘက်က ခွင့်မပြုဘူးပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

မည်သည့်အဖွဲ့အစည်းမဆိုဟု ထုတ်ပြန်ထားရာ လက်ရှိ အုပ်ချုပ်ရေးယန္တရားများ တည်ဆောက် နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုလည်း ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆိုသည်။

KNU တပ်မဟာ(၁)နယ်မြေတွင် NUGနှင့် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေကို မေးမြန်းရာ ၎င်းက “ညှိနှိုင်းဆောင်ရွက်တာတော့ သူတို့ အဲဒီ စစ်ကောင်စီကို ဆန့်ကျင်ပြီးတော့ ကျွန်တော်တို့ဆီမှာ လာရောက်ပြီးတော့ ခိုလှုံတယ်။ ခိုလှုံပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ သူတို့ဆန့်ကျင်တဲ့ ဟာကို ပြန်တိုက်ဖို့ကတော့ ကျွန်တော်တို့ဆီမှာပဲနေပြီးတော့ ဆန့်ကျင်တိုက်ပွဲ ဝင်တာတော့ ရှိတာပေါ့” ဟု ပြောပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

သတင်း

ဇူလိုင်(၁)ရက်နေ့ကနေ (၃၁)ရက်အထိ တစ်လတာအတွင်း တိုက်ပွဲပေါင်း(၁၀၀)ကျော်ထဲမှာ BGF တပ်ဘက်က (၈၈)ဦးသေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သူများအနက် ဗိုလ်တစ်ဦး ပါဝင်ကြောင်း၊ဒဏ်ရာရသူများတွင် တပ်ရင်းမှူး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

"မင်းတို့လက်နက်တွေဘယ်မှာထားလဲ မင်းတို့အဖွဲ့တွေဘယ်မှာနေလဲ ဘယ်မှာစခန်းချကြလဲ ဘာတွေလုပ်လဲ စွပ်စွဲတာပေါ့။ တွေ့တဲ့လူငယ်မှန်သမျှကို ဖမ်းတဲ့လူဆိုလို့ရှိရင် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့အဲ့လိုမျိုးမေးကြတာများတယ်" လို့ သူကဆိုပါတယ်။