Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNLA နဲ့တိုက်ပွဲပေါင်းအကြိမ်တစ်ရာကျော်မှာ BGF ဘက်က အယောက် ၉၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို

ဇူလိုင်(၁)ရက်နေ့ကနေ (၃၁)ရက်အထိ တစ်လတာအတွင်း တိုက်ပွဲပေါင်း(၁၀၀)ကျော်ထဲမှာ BGF တပ်ဘက်က (၈၈)ဦးသေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

KNLA နဲ့တိုက်ပွဲပေါင်းအကြိမ်တစ်ရာကျော်မှာ BGF ဘက်က အယောက် ၉၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို
KNLA နဲ့တိုက်ပွဲပေါင်းအကြိမ်တစ်ရာကျော်မှာ BGF ဘက်က အယောက် ၉၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား တစ်လအတွင်း တိုက်ပွဲပေါင်းတစ်ရာကျော်ဖြစ်ပွားခဲ့ပြီး BGF ဗိုလ်အဆင့်ရှိသူအပါအဝင် ယောက်(၉၀)နီးပါး သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်(၁)ရက်နေ့ကနေ (၃၁)ရက်အထိ တစ်လတာအတွင်း တိုက်ပွဲပေါင်း(၁၀၀)ကျော်ထဲမှာ BGF တပ်ဘက်က (၈၈)ဦးသေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးမြင်းလား ရှစ်ကောင်သေဆုံးပြီး ငါးကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်လက်နက်နဲ့ကျည်ဆံတွေသယ်ဆောင်လာတဲ့ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ ကျဆုံးမှုမရှိပဲ ကိုးဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီနဲ့ KNLA တပ်မဟာ ၅ တို့အကြား နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်တိုင်း စစ်ကောင်စီဘက်က အမြောက်လက်နက်ကြီးတွေ အများအပြားအသုံးပြုပြီး ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာ၊ လယ်ယာဥယျာဉ်ခြံမြေထဲကို တမင်ရည်ရွယ်ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ရကာ ငါးဦးက ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဇူလိုင်လတစ်လတာအတွင်း မူတြော်ခရိုင်အောက်က ဘူးသို၊ လူသော၊ ဒွယ်လိုးမြို့နယ်သုံးမြို့နယ်လုံးမှာ စစ်ကောင်စီ BGF တပ်ဘက်က ပြည်သူတွေရဲ့လယ်ယာဥယျာဉ်ခြံမြေထဲကို အမြောက်လက်နက်ကြီးကျည် (၆၇)လုံး ပစ်ချသွားခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သူများအနက် ဗိုလ်တစ်ဦး ပါဝင်ကြောင်း၊ဒဏ်ရာရသူများတွင် တပ်ရင်းမှူး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

"မင်းတို့လက်နက်တွေဘယ်မှာထားလဲ မင်းတို့အဖွဲ့တွေဘယ်မှာနေလဲ ဘယ်မှာစခန်းချကြလဲ ဘာတွေလုပ်လဲ စွပ်စွဲတာပေါ့။ တွေ့တဲ့လူငယ်မှန်သမျှကို ဖမ်းတဲ့လူဆိုလို့ရှိရင် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့အဲ့လိုမျိုးမေးကြတာများတယ်" လို့ သူကဆိုပါတယ်။