Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏အဓိကဝင်ငွေရလမ်း MOGE ကို အရေးယူပိတ်ဆို့ရန် ကန်အစိုးရကို ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်တိုက်တွန်း

အမေရိကန်အစိုးရသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အကြိမ်ရေ ဒါဇင် ကျော် အရေးယူပိတ်ဆို့မှုပြုလုပ်ထားသော်လည်း စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သည့် MOGE ကို အရေးယူခြင်းမရှိသေးပေ။

စစ်ကောင်စီ၏အဓိကဝင်ငွေရလမ်း MOGE ကို အရေးယူပိတ်ဆို့ရန် ကန်အစိုးရကို ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်တိုက်တွန်း
စစ်ကောင်စီ၏အဓိကဝင်ငွေရလမ်း MOGE ကို အရေးယူပိတ်ဆို့ရန် ကန်အစိုးရကို ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်တိုက်တွန်း

●အပြောလျှော့ပြီး ထပ်တိုးအရေးယူမှုများလုပ်ဆောင်ရမည့်အချိန်ကျရောက်ပြီဟု ဆို

အမေရိကန်အစိုးရသည် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေလုပ်ငန်း(MOGE)ကို အရေးယူပိတ်ဆို့ရမည်ဖြစ်ကြောင်းဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က တိုက်တွန်းသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ အရှေ့တောင်အာရှခရီးစဉ်မတိုင်မီ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး မြန်မာ့အိမ်နီးချင်းများနှင့် အာဆီယံနိုင်ငံများက စစ်ကောင်စီ၏ လူမဆန်သော၊ တရားဝင်မှုမရှိသော အုပ်ချုပ်မှုအောက်တွင် ဘေးဒုက္ခခံစားနေရသည့်အပြစ်မဲ့ပြည်သူများကိုအကူအညီပေးရန် ဆန္ဒမရှိပါက စစ်တပ်ကို ဖိအားပေးရန်နှင့်ဘဏ္ဍာရေးရင်းမြစ်များကို ပိတ်ဆို့ရန် အစိုးရအဖွဲ့ကို လွှတ်တော်က အခွင့်အာဏာပေးပြီးဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်သည်။

“မြန်မာပြည်သူတွေဟာ ဘေးဒုက္ခခံစားနေကြရပြီး ဒီမိုကရေစီမိတ်ဆွေထံကနေ အကူအညီရဖို့ စောင့်ဆိုင်းနေကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်အနေနဲ့ အစိုးရအဖွဲ့ရဲ့အခွင့်အာဏာ ကို ဘက်ပေါင်းစုံကနေ အပြည့်အ၀အရေးယူပိတ်ဆို့မှုလုပ်ဆောင်ရပါမယ်။ စကားနည်းနည်းပြောပြီး များများအရေးယူလုပ်ဆောင်ရမယ့်အချိန်ရောက်ပါပြီ” ဟု အမေရိကန်အထက်လွှတ် တော်အမတ် မစ်ချ်မက်ကောနဲလ်က ပြောသည်။

ဝါရင့်အထက်လွှတ်တော်အမတ်မစ်ချ်မက်ကောနဲလ်သည် မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေးထောက်ခံသူဖြစ်ပြီး အထက်လွှတ်တော်၏ ရီပက်ဗလစ်ကန်ပါတီခေါင်းဆောင်ဖြစ် သည်။

အမေရိကန်အစိုးရသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အကြိမ်ရေ ဒါဇင် ကျော် အရေးယူပိတ်ဆို့မှုပြုလုပ်ထားသော်လည်း စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သည့် MOGE ကို အရေးယူခြင်းမရှိသေးပေ။

ယမန်နေ့တွင် စတင်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ကမ္ဘောဒီး ယားခရီးစဉ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်၍ခိုင်မာသည့်သတင်းစကားကို ပြောကြားမည်ဟု မျှော်လင့်ထားကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား နောက်ဆက်တွဲအရေးယူမှုများလုပ် ဆောင်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း မစ်ချ်မက်ကောနဲလ်က ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။

ဗီဒီယို

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။

သတင်း

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။

ဆောင်းပါး

နိုင်ငံရေး အကျဉ်းသားတွေကို တရားလက်မဲ့ ကွပ်မျက်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့ အနေနဲ့ မြန်မာ စစ်ကောင်စီရဲ့ စွမ်းအင် ထုတ်လုပ်မှု ကဏ္ဍကို တင်းတင်းကျပ်ကျပ် အရေးယူ ပိတ်ဆို့ဖို့ အမေရိကန် အစိုးရက စဉ်းစားနေကြောင်း သိရပါတယ်။