Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ

MDY-PDF မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှာ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပြီး ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ
MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ

ပြည်သူလူထုထောက်ပံ့မှုမှတဆင့် တပ်ဖွဲ့ဝင်ရဲဘော်များထံ အိတ်ဆောင်ပိုက်ဆံ ထုတ်ပေးနိုင်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးတိုင်း (MDY-PDF)က ယနေ့(သြဂုတ် ၅)တွင် အသိပေးထုတ်ပြန်သည်။

MDY-PDF မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှာ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပြီး ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ
MDY-PDF ရဲဘော်များ ပြည်သူ့ထောက်ပံ့မှုဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံ ရကြပြီ

“ရဲဘော်များအားလုံးကို ဖြန့်ဝေပေးရခြင်းဖြစ်တဲ့အတွက် ငွေပမာဏ အရ နည်းပေမယ့် အဆိုပါ အိတ်ဆောင်ပိုက်ဆံများဟာ ပြည်သူလူထုကနေတဆင့် စီးဝင်လာတဲ့ငွေများဖြစ်တဲ့အတွက် ပြည်သူနှင့် PDF အကြား တော်လှန်ရေးဝတ်မှုံကူးခြင်းလည်း ဖြစ်ပါတယ်”ဟု MDY-PDF က ဖော်ပြသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့လှူဒါန်းလိုက်သော အလှူငွေများ PDF ရဲဘော်များထံ လက်ဝယ်လက် ရောက် ရောက်ရှိသွားသည်ကိုမြင်ရပြီး ပီတိဖြစ်နိုင်သလို PDF ရဲဘော်များအနေဖြင့်လည်း နောက်ကျောမှာ ပြည်သူလူထုတစ်ရပ်လုံးရှိသည်ဟု ခံစားရသည့်အတွက် အင်မတန်မှ စိတ်နွေးရသည်ဟုလည်းအသိ​ပေးထားသည်။

“ပြည်သူနှင့် PDF တော်လှန်ရေးဝတ်မှုံကူးလို့ အောင်ပွဲဆီသို့ ချီတက်ကြပါစို့ “ဟု MDY-PDF က တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ခိုဝင်လာသည့် ပျူ၊ဒလန်များအနက် အချို့သည် နာမည်ထွက်ထားပြီးသူများ ဖြစ်၍ သိရှိရသော်လည်းအချို့မှာ တိတဆိတ်လှုပ်ရှားသူများဖြစ်၍ အများပြည်သူများအနေဖြင့် မသိရှိနိုင်ကြောင်း ဖော်ပြသည်။

သတင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

သတင်း

ကန်ပက်လက် CDF အနေဖြင့် လစဉ်လိုအပ်သည့် လက်နက်ခဲယမ်းပိုင်း၊ ရိက္ခာနှင့် အခြားကဏ္ဍများအတွက် ရန်ပုံငွေရရှိနိုင်ရေး ပြည်တွင်း၊ ပြည်ပရှိ ကန်ပက်လက်သူ၊ သားများနှင့်သာမက အခြားအဖွဲ့အစည်းများစွာ နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။