Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

လောင်းပြည့် နှင့်သံပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ အင်အား ၁၀၀ခန့်ကို ရဟတ်ယာဉ်ဖြင့်ချ ထားပြီး စစ်ကြောင်းစတင်ထိုးနေသည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ်က ယင်းမာပင်နယ်ရှိ ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှတစ်စီး။ ဓာတ်ပုံ - CJ)
(စစ်​ကောင်စီတပ်က ယင်းမာပင်နယ်ရှိ ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှတစ်စီး။ ဓာတ်ပုံ - CJ)

မင်းကင်းမြို့နယ်အတွင်း ကျေးရွာအချို့ကို ယနေ့(သြဂုတ် ၆ရက်)နေ့လယ်မှ စတင်ကာ စစ်ကောင်စီက ရဟတ်ယာဥ် လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ သည်ဟု သတင်းရရှိသည်။

မင်းကင်းမြို့နယ်လောင်ပြည့်နှင့် သံပေါက်ခြာကျေးရွာကို နေ့လည် ၂နာရီမှစ၍ လေကြောင်းမှ တိုက်ခိုက်နေသည်ဟု Myanmar Defense Force ဗဟို ပြန်ကြားရေးကော်မတီက သတင်း ထုတ်ပြန်သည်။

“ရှေ့ကနေ တိုက်လေယာဥ်ကပစ်ပြီး နောက်ကနေ ရဟတ်ယာဥ်နဲ့လူလာချတယ်။ မဲမဲမြင်ရာ ပစ်နေတာ”ဟု မင်းကင်းမြို့မှ ပြည်သူ့ကာကွယ်ရေး ရဲဘော် တစ်ဦးက ပြောသည်။

လောင်းပြည့် နှင့်သံပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ အင်အား ၁၀၀ခန့်ကို ရဟတ်ယာဉ်ဖြင့်ချ ထားပြီး စစ်ကြောင်းစတင်ထိုးနေသည်ဟု ဆိုသည်။

“ရွာကဒေသခံတွေ ထွက်ပြေးနေရတယ်။ ကျွန်တော်တို့ကြားသလောက် မင်းကင်း၊ ဒီပဲယင်း၊ ရေဦးနယ်တွေကို တပြိုက်နက်တိုက်နေတာ”ဟု ဒီပဲယင်းမြို့အ​ခြေစိုက် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက် မှုရှိနိုင်ပြီး မြေပြင်သတင်းတိကျစွာ မသိရသေးကြောင်း Myanmar Defense Forceက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာ့အကျပ်အတည်းသည် ယုံကြည်မှုမရှိခြင်းနှင့် နိုင်ငံရေးစိတ်ဆန္ဒကင်းမဲ့ခြင်းတို့ဖြစ်ကြောင်း လည်း အာဆီယံအထူးကိုယ်စားလှယ်က ရှုမြင်သည်။

သတင်း

ခရီးသည်ကား၊ဘုန်းကြီးကား၊နာရေးကားပါမကျန် စစ်ကောင်စီနှင့်ပတ်သက်သော ပစ္စည်းများပါလာပါက ယာဥ်လိုင်း၊ယာဥ်မောင်းနှင့် ခရီးသယ်များမကျန် အရေးယူခံရမည်ဟု သတိပေး သည်။

သတင်း

ဇူလိုင် ၃၀ရက်ကစ၍ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ခြင်းဖြစ်သည်။

သတင်း

မင်းရွာထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား သြဂုတ်လ၅ရက်နေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၅)ဦး ထပ်မံသေဆုံးခဲ့ကြောင်း BRTFက ပြောသည်။