Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိထားသော ကပစထုတ် (၁၂၀)မမအခွံများကို ဖောက်ခွဲရေးမိုင်းအဖြစ် ထုတ်လုပ်အသုံးပြု

“အဲဒီထုတ်လုပ်ထားတဲ့ မိုင်းအသေးစားကို စမ်း သပ် ထားတာတောင်သစ်ပင်တောင်ပြတ်ထွက်တယ်” ဟုThe Youth Force(Saw&Kyaukhtu)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)
ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)

အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိထားသော ကပစထုတ် (၁၂၀)မမအခွံများကို ဖောက် ခွဲရေးမိုင်းအဖြစ် ထုတ်လုပ်အသုံးပြုနေကြောင်းThe Youth Force (Saw&Kyaukhtu)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၆ ရက်)အထိ ကပစထုတ် (၁၂၀) မမအခွံအလုံးရေ ၁၆၀ကျော်ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)
ဓာတ်ပုံ – The Youth Force (Saw&Kyaukhtu)

ထိုကဲ့သို့ ထုတ်လုပ်သော မိုင်းများဖြင့် အကြမ်း ဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိ ကြောင်း အသိပေးထားသည်။

“အဲဒီထုတ်လုပ်ထားတဲ့ မိုင်းအသေးစားကို စမ်း သပ် ထားတာတောင်သစ်ပင်တောင်ပြတ်ထွက်တယ်” ဟုThe Youth Force(Saw&Kyaukhtu)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)
ဓာတ်ပုံ – The Youth Force (Saw&Kyaukhtu)

လက်ရှိ ယောဒေသဖြစ်သည့် ဆော နှင့် ကျောက်ထုတွင် ထိတွေ့မှုငြိမ်သက်နေသော်လည်း အကြမ်းဖက်စစ်တပ်က အင်အား ဖြည့်တင်းမှု များရှိသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းသက်ဆိုင်ရာ နယ်မြေအလိုက် တော်လှန်ရေးအင်အား စုများသည်လက်လုပ်မိုင်းများအပါအဝင် အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်များကို အသုံးပြု၍ လက်နက်အစိတ်အပိုင်းများ ထုတ်လုပ်လျှက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like