Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင် လက်နက် အပြည့်အစုံဖြင့် TPC တပ်ဖွဲ့ထံ အလင်းဝင်

“CDM ရဲဘော် စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ဗျ။ ခု လုံခြုံတဲ့နေရာမှာ ရှိပါတယ်ဗျ”ဟု ရွေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - TPC
ဓာတ်ပုံ - TPC

တန့်ဆည်နယ် ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင်သည် လက်နက်အပြည့်အစုံဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့(သြဂုတ် ၆)တွင် ထုတ်ပြန်သည်။

ကံထူးမရဲစခန်းမှ ရဲတပ်သား ဇင်သူအောင်သည် ၎င်းကိုင်ဆောင်သည့် G3 သေနတ်တစ်လက်၊ ကျည်ဆံ ၃၈၀၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့်အတူ TPC (ရွှေဘို ခရိုင် တပ်ရင်း ၂၅)ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ ရဲတပ်သားဇင်သူအောင်ကို TPC တပ်ဖွဲ့မှ ကျပ် သိန်း (၇၀)အား ဆုကြေးငွေအဖြစ်ထောက် ပံ့ခဲ့ပြီး လုံခြုံသည့်နေရာတစ်ခုတွင် ထားရှိကြောင်းလည်း အသိပေးသည်။

“CDM ရဲဘော် စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ဗျ။ ခု လုံခြုံတဲ့နေရာမှာ ရှိပါတယ်ဗျ”ဟု ရွေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရဲတပ်သား ဇင်သူအောင်သည် မိတ္ထီလာအခြေစိုက် အမှတ် (၃၅) ရဲတပ်ရင်းမှဖြစ်ပြီး ကံထူးမနယ်မြေရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ပြီး ယခုကဲ့သို့ ပြည်သူ့ဘက်ပူးပေါင်း၍ CDM ဝင်ရောက်ခြင်းအပေါ် ပြည်သူများနှင့်အတူ TPC တပ်ဖွဲ့မှ ဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဧရာဝတီမြစ်ဆုံဘက်သို့ သွားတဲ့လမ်းက ရဲစခန်းဂိတ် တိုက်ခိုက်ခံရတာ။ ရဲ​ွေးလေးကောင်သေတာ ကျိန်းသေတယ်"ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များလေယာဉ်၊ရဟတ်ယာဉ်၊ရေးယာဉ်၊တင့်ကားများ နှင့်အတူCDM ပြုလုပ်ခြင်း၊အဆိုပါ ယာဉ်များကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သူများကို ဆုငွေအများအပြားပေးအပ်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက အသိပေးထားသည်။

ဆောင်းပါး

သပ်ရပ်သောကျည်ကုတ် ကလေးက ကျည်ဆန်များကို သပ်သပ်ရပ်ရပ် ဆွဲထုတ်ပေးနေသည်။ “ကောင်းလိုက်တဲ့ ကျည်ကုတ်ဟေ့” သြဘာသံတွေနဲ့အတူရဲဘော်တွေမျက်လုံးကဝင်းလက်နေပြီး သူတို့ အစွမ်းပြဖို့ လက်တစ်ပြင်ပြင်ဖြစ် နေကြတော့သည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် ဆိပ်ခွန်ရွာရှိ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေသောကြောင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း PDFတာဝန်ရှိသူ၏ ပြောကြားချက်ကိုကိုးကား၍ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးကအသိပေးသည်။