Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စံပြ(၆)မိုင်အနီး စစ်ကောင်စီတပ်သားအလောင်းလေးလောင်း လာကောက်ယူ သော တပ်ကူ ထပ်မံတိုက်ခိုက်ခံရသဖြင့် ကစဉ့်ကလျားထွက်ပြေးသွားဟု KPDF ထုတ်ပြန်

ဇူလိုင် ၃၀ရက်ကစ၍ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ခြင်းဖြစ်သည်။

ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ - KPDF
ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ - KPDF

ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆)မိုင် ကျေးရွာအနီး စစ်ကောင်စီတပ်သားလေးဦး မိုင်းထိမှန်သေဆုံးပြီး အလောင်းလာရောက်ကောက်ယူသော တပ်ကူပါ လက်နက်ကြီးများဖြင့် ထပ်မံတိုက်ခိုက်ခံရသဖြင့် ကစဉ့်ကလျား ထွက်ပြေးသွား ရကြောင်း Karenni PDFက ယနေ့(သြဂုတ် ၆ရက်) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၅ ရက်)က ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာ စဉ် မိုင်းမိခဲ့သည်ဟု ဆိုသည်။

ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ - KPDF
ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KPDF ရဲဘော်များ၊ ဓာတ်ပုံ – KPDF

ထိုဖြစ်စဥ်တွင် သေဆုံးသွားသော စစ်ကောင်စီ တပ်သား အလောင်းလေး လောင်းကို စစ်ကောင်စီ တပ်က လာရောက်ယူဆောင်စဥ် ပြည်သူ့ကာကွယ်ရေး တပ်များမှ လက်နက်ကြီး(၆၀) မမ များဖြင့် ထက်မံတိုက်ခိုက်ရာ ဒဏ်ရာရသူများ များပြားခဲ့ပြီး ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ရ ကြောင်း အသိပေးသည်။

ထို့နောက် ခရစ်ယာန်ဘုရားကျောင်းအတွင်း ပြေးဝင်တပ်စွဲသွားသည့် စစ်ကောင်စီတပ်ကို KPDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့ များမှ သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့အထိ စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်လျက်ရှိကြောင်း KPDF က ပြောသည်။

ဇူလိုင် ၃၀ရက်ကစ၍ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာ့အကျပ်အတည်းသည် ယုံကြည်မှုမရှိခြင်းနှင့် နိုင်ငံရေးစိတ်ဆန္ဒကင်းမဲ့ခြင်းတို့ဖြစ်ကြောင်း လည်း အာဆီယံအထူးကိုယ်စားလှယ်က ရှုမြင်သည်။

သတင်း

ခရီးသည်ကား၊ဘုန်းကြီးကား၊နာရေးကားပါမကျန် စစ်ကောင်စီနှင့်ပတ်သက်သော ပစ္စည်းများပါလာပါက ယာဥ်လိုင်း၊ယာဥ်မောင်းနှင့် ခရီးသယ်များမကျန် အရေးယူခံရမည်ဟု သတိပေး သည်။

သတင်း

လောင်းပြည့် နှင့်သံပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ အင်အား ၁၀၀ခန့်ကို ရဟတ်ယာဉ်ဖြင့်ချ ထားပြီး စစ်ကြောင်းစတင်ထိုးနေသည်ဟု ဆိုသည်။

သတင်း

မင်းရွာထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား သြဂုတ်လ၅ရက်နေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၅)ဦး ထပ်မံသေဆုံးခဲ့ကြောင်း BRTFက ပြောသည်။