Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်သို့ လက်နက်ရောင်းချမှုရပ်တန့်ရန် ကုလစင်မြင့်ပေါ်မှ မြန်မာသံအမတ်ကြီးထပ်မံ တောင်းဆို

ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

စစ်တပ်သို့ လက်နက်ရောင်းချမှုရပ်တန့်ရန် ကုလစင်မြင့်ပေါ်မှ မြန်မာသံအမတ်ကြီးထပ်မံ တောင်းဆို
စစ်တပ်သို့ လက်နက်ရောင်းချမှုရပ်တန့်ရန် ကုလစင်မြင့်ပေါ်မှ မြန်မာသံအမတ်ကြီးထပ်မံ တောင်းဆို

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချပေးနေသည့် နိုင်ငံများကို လက်နက်တင်ပို့ရောင်းချမှုများ ရပ်တန့် ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်မှတဆင့် ထပ်မံတောင်းဆို လိုက်သည်။

နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်၌ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်မှုများ ပြန်လည်သုံးသပ်ရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညီလာခံကျင်းပနေရာ ဩဂုတ် ၄ ရက်တွင် မြန်မာသံအမတ်ကြီးက အထွေထွေရေးရာမိန့်ခွန်းပြောကြားစဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းမရောင်းချရန် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့က ဆုံးဖြတ်တိုက်တွန်းထားပြီးဖြစ်သည်။ သို့သော် ရုရှားအပါအဝင် အဖွဲ့နိုင်ငံအချို့က အကြမ်းဖက်မြန်မာစစ်တပ်ကို လက်နက်ဆက်လက်ရောင်းချနေဆဲဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။

သို့သော် အရပ်သားအစိုးရသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးဆိုင်ရာ ကတိကဝတ်များအား ဆက်လက်၍ အပြည့်အဝလိုက်နာ ဆောင်ရွက်သွားမည်ကို ထပ်လောင်းအတည်ပြုပြီး နျူကလီးယားကင်းစင်သည့် ကမ္ဘာကြီးတည်ထောင်ရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

ယခုညီလာခံမှ ကောင်းမွန်သည့် ရလဒ်ကောင်းများ ထွက်ပေါ်သည်အထိ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းကြရန် အဖွဲ့ဝင်နိုင်ငံများကို ၎င်းက တောင်းဆိုခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"CDM ရဲဘော် စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ဗျ။ ခု လုံခြုံတဲ့နေရာမှာ ရှိပါတယ်ဗျ"ဟု ရွေဘိုခရိုင် တပ်ရင်း (၂၅) TPC တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ငြိမ်းချမ်းသော၊ ညီညွတ်သော၊ တန်းတူ၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတစ်ရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးမှာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပင်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များလေယာဉ်၊ရဟတ်ယာဉ်၊ရေးယာဉ်၊တင့်ကားများ နှင့်အတူCDM ပြုလုပ်ခြင်း၊အဆိုပါ ယာဉ်များကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သူများကို ဆုငွေအများအပြားပေးအပ်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက အသိပေးထားသည်။

ဆောင်းပါး

သပ်ရပ်သောကျည်ကုတ် ကလေးက ကျည်ဆန်များကို သပ်သပ်ရပ်ရပ် ဆွဲထုတ်ပေးနေသည်။ “ကောင်းလိုက်တဲ့ ကျည်ကုတ်ဟေ့” သြဘာသံတွေနဲ့အတူရဲဘော်တွေမျက်လုံးကဝင်းလက်နေပြီး သူတို့ အစွမ်းပြဖို့ လက်တစ်ပြင်ပြင်ဖြစ် နေကြတော့သည်။