Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၄၄) စစ်သည် လေးဦးပြည်သူ့ရင်ခွင်ခိုလှုံလာ၊ CDM လုပ်လိုသည့် စစ်ကောင်စီတပ်သားများ ဆက်သွယ်နိုင်ကြောင်း ကော်ဘရာစစ်ကြောင်း ထပ်မံအသိပေး

CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

တိုက်ပွဲများ တစ်လကျော်ကြာ ဖြစ်ပွားနေသည့် မြ၀တီမြို့နယ် ဝေါ်လေဒေသ ရောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦးသည် ကော်ဘရာစစ်ကြောင်းသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာ ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)မှ စစ်သည် လေးဦးသည် သြဂုတ် ၃ရက်က ကော်ဘရာစစ်ကြောင်းအား ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းသည် CDM ပြုလုပ် ခိုလှုံလာသောစစ်သည်များအား လုံခြုံဘေး‌ကင်းသော နေရာ၌ နေထိုင်သွားလာ၊ စားဝတ်နေရေး၊ လုံခြုံရေး အဆင်ပြေစေရန် ကောင်းမွန်စွာ စီမံထားရှိ ထားပါကြောင်း သတင်းထုတ်ပြန်သည်။

ထပ်မံ၍ ပြည်သူ့ရင်ခွင် ခိုလှုံလာသော အခြားစစ်သည်များ၏ အခြေအနေအား လုံခြုံရေးအရ စိတ်ချရသော အချိန်များတွင် အလျင်းသင့်သလို သတင်းထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားပြီး CDM ခိုလှုံလိုသော စစ်ကောင်စီ တပ်သားများအနေဖြင့်လည်း Cobra Column Facebook Pageအား ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။

သတင်း

စစ်ရှောင်များရောက်ရှိနေသည့် ကျေးရွာများကလည်း ချက်ပြုတ်ကျွေးမွေး ထမင်းထုပ်ပို့ကာ ကူညီနေကြကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

သတင်း

ဩဂုတ် ၅ရက်က ဟားခါး - ထန်တလန်ကြား သီမစ်ချောင်းအနီးတဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဟားခါး - ဂန့်ဂေါလမ်းတွင်လည်းတိုက်ပွဲဖြစ်ခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များလေယာဉ်၊ရဟတ်ယာဉ်၊ရေးယာဉ်၊တင့်ကားများ နှင့်အတူCDM ပြုလုပ်ခြင်း၊အဆိုပါ ယာဉ်များကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သူများကို ဆုငွေအများအပြားပေးအပ်မည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက အသိပေးထားသည်။