Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်၏လေကြောင်း ကျူးကျော်မှု ကြီးမားသည့်ကိစ္စရပ်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်​ပြော

အာဏာသိမ်းစစ်ကောင်စီတပ်၏ MIG-29 တိုက်လေယာဉ်သည် ထိုင်းပိုင်နက်သို့ ၄ သို့မဟုတ် ၅ ကီလိုမီတာခန့်ကျူးကျော်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းဒေသခံများမှာ အထိတ်တလန့်ဖြစ်ခဲ့ကာ စာ သင်ကျောင်း ၂ ခုကိုလည်း အရေးပေါ်ပိတ်ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ။ ဓါတ်ပုံ-ပတ္တရား​မေးလ်
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ။ ဓါတ်ပုံ-ပတ္တရား​မေးလ်

ထိုင်းလေပိုက်နက်သို့ မြန်မာစစ်​ကောင်စီတပ်၏ကျူးကျော်မှုသည်ကြီးမားသည့်ကိစ္စရပ်မဟုတ်ကြောင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ယနေ့ပြောကြားသည်။

“သူတို့(မြန်မာစစ်တပ်)ပြောတာက သူတို့ မရည်ရွယ်ဘဲဖြစ်ပွားခဲ့တယ်။ ထိုင်းပိုင်နက်နယ်နိမိတ်ကို အနည်းငယ် ကျော်လွန်မလာခင်မှာ သူတို့ ခပ်ကျယ်ကျယ်ပြန်ကွေ့ခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတကာစံနှုန်းတွေအတိုင်း အဲဒါကို တုံ့ပြန်ဖို့ တိုက်လေယာဉ်နှစ်စီး စေလွှတ်ခဲ့ တယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနသို့ ရောက်ရှိစဉ် သတင်းထောက်များကို ပြောသည်။

ဆက်လက်ပြီး “ဒါက ကြီးမားတဲ့ကိစ္စမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်​ကောင်စီတပ်၏ တိုက်လယာဥ် ထိုင်းပိုင်နက်သို့​ကျော်လွန်​ရောက်ရှိစဥ်။
စစ်​ကောင်စီတပ်၏ တိုက်လယာဥ် ထိုင်းပိုင်နက်သို့​ကျော်လွန်​ရောက်ရှိစဥ်။

မြန်မာစစ်သံမှူးကလည်း အဆိုပါဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိပြီး အကြောင်းကိစ္စရှိလာပါကလည်း နှစ်ဖက်ဆွေးနွေးပြောဆိုနိုင်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ကဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ MIG-29 တိုက်လေယာဉ်သည် ထိုင်းပိုင်နက်သို့ ၄ သို့မဟုတ် ၅ ကီလိုမီတာခန့်ကျူးကျော်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ထိုင်းဒေသခံများမှာ အထိတ်တလန့်ဖြစ်ခဲ့ကာ စာ သင်ကျောင်း ၂ ခုကိုလည်း အရေးပေါ်ပိတ်ခဲ့ရသည်။

စစ်ကောင်စီ၏ MIG-19 တိုက်လေယာဉ်သည် ၁၅ မိနစ်ခန့်ကြာ ထိုင်းပိုင်နက်သို့ ကျူးကျော်ဝင် ရောက်ခဲ့ပြီး နောက်မိနစ်ပိုင်းကြာတွင် အမေရိကန်ထုတ် ထိုင်းတိုက်လေယာဉ် F-16 နှစ်စီးပျံတက်လာချိန်တွင် MIG-19 သည် မြန်မာပိုက်နက်အတွင်းသို့ ပြန်လည်ရောက်ရှိနေပြီဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေမှု ကြောင့် ကရင်တိုင်းရင်းသား ၁၀၀၀ ခန့်သည် ထိုင်းဘက်ခြမ်း ကျေးရွာနှစ်ရွာရှိ ယာယီဒုက္ခ သည်စခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်က အရေးကြီးသည်မှာ ထိုင်းစစ်တပ်၏ စွမ်းဆောင်ရည်သည် ၎င်း၏ အချုပ်အခြာပိုင်နက်ကို ကာကွယ်နိုင်စွမ်းရှိပြီး လက်ရှိစွမ်းဆောင်ရည်က အနာဂတ်ခြိမ်းခြောက်မှု များကို နိုင်နင်းစွာဖြေရှင်းနိုင်စွမ်းရှိ၊ မရှိကို စစ်ဆေးရန် လိုအပ်ကောင်း လိုအပ်မည်ဟု ပြောကြား သည်။

ကိုးကား – thaienquirer

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းတပ်ဖွဲ့များ အကြား ဥကရစ်ထစခန်းအတွက် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်။

သတင်း

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိစစ်ကောင်စီ၏ ဥကရစ်ထစစ်​ကောင်စီတပ်စခန်းကိုသိမ်းပိုက်နိုင်ရန်ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ရက်မှစ၍ယနေ့ဇွန်လ၃၀ရက်အထိ၅ရက်ဆက်တိုက်ခိုက်လျက်ရှိသည်။

သတင်း

စစ်ကောင်စီတိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီးနောက် ထိုင်းလေတပ်က F 16 အမျိုးအစားဂျက်တိုက်လေယာဉ် ၂ စီးကိုစေလွှတ်ကာ ကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဗီဒီယို

လောလောဆယ်မှာ ဘိုင်ဒန်ဟာ G7 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ ဂျာမနီမှာ အစည်းအဝေး သွားတက်နေပါတယ်။ ဒီအစည်းအဝေးဟာ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ G7ရဲ့ အနာဂတ် မူဝါဒတွေကို အဓိက ဆွေးနွေးဖို့ ရည်ရွယ်ထားတာပါ။