Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုမ္ပဏီများ ဖျက်သိမ်းခြင်းနှင့် ​ဒေဝါလီခံခြင်း ပိုများလာ

“တစ်နေ့ကို အနည်းဆုံးကုမ္ပဏီလေးခုလောက် စာရင်းရှင်းဖျက်သိမ်းတာလုပ်ပေးနေရတယ်။ ဒီရက်ပိုင်းကို တော်တော်များလာတယ်”ဟု ဥပဒေအကျိုးဆောင်တစ်ဦးကပြောသည်။

(စစ်​ကောင်စီက ​အောင်ဆန်းကွင်းတွင်ဖယ်ရှား​​စေခဲ့​သော အ​​ဝေး​ပြေးခရီးသည်တင်ကားဖြင့်ပါဆယ်ပို့​သောဝန်​ဆောင်မှုများနှင့် ယခုရက်ပိုင်းအတွင် စစ်ကောင်စီသတင်းစာတွင် ကုမ္ပဏီစာရင်းရှင်းဖျက်သိမ်းရန်နှင့် ​ဒေဝါလီခံယူရန် ​ကြေညာ​သောကုမ္ပဏီလုပ်ငန်းအချို့)
(စစ်​ကောင်စီက ​အောင်ဆန်းကွင်းတွင်ဖယ်ရှား​​စေခဲ့​သော အ​​ဝေး​ပြေးခရီးသည်တင်ကားဖြင့်ပါဆယ်ပို့​သောဝန်​ဆောင်မှုများနှင့် ယခုရက်ပိုင်းအတွင် စစ်ကောင်စီသတင်းစာတွင် ကုမ္ပဏီစာရင်းရှင်းဖျက်သိမ်းရန်နှင့် ​ဒေဝါလီခံယူရန် ​ကြေညာ​သောကုမ္ပဏီလုပ်ငန်းအချို့)

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာတွင် နိုင်ငံတွင်း ကုမ္ပဏီများဖျက်သိမ်းခြင်း၊ ​လူမွဲစာရင်းခံယူကာဒေဝါလီခံလာ​သောကုမ္ပဏီနှင့်လုပ်ငန်းများ ပိုမိုများပြားလာ​ကြောင်း ဥပဒေအကျိုးဆောင်များကပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားငွေကန့်သတ်မှု၊ လျှပ်စစ်မီးမမှန်မှု၊ စက်သုံးဆီ​ဈေးကြီးမြင့်မှု၊စီးပွား​ရေးလုပ်ငန်းများ​လေးလံထိုင်းမှိုင်းပြီး ​ငွေ​ကြေး​ဖောင်းပွမှု၊လက်ပန်းဆက်သွယ်​ရေးခက်ခဲမှု စသည်တို့ကြောင့်နေ့စဉ် ဖျက်သိမ်းပေးရသည့် ကုမ္ပဏီအရေအတွက် ပိုမိုများပြားလာ​ကြောင်း ကုမ္ပဏီရေးရာ ဥပဒေအကျိုးတောင် တစ်ဦးကပြောသည်။

“တစ်နေ့ကို အနည်းဆုံးကုမ္ပဏီလေးခုလောက် စာရင်းရှင်းဖျက်သိမ်းတာလုပ်ပေးနေရတယ်။ ဒီရက်ပိုင်းကို တော်တော်များလာတယ်”ဟု ဥပဒေအကျိုးဆောင်တစ်ဦးကပြောသည်။

ယခုလပိုင်းအတွင်းစာရင်းရှင်းလင်းပြီးဖျက်သိမ်းသည့် ကုမ္ပဏီအရေအတွက်က သိသိသာသာပိုမိုများလာသည်ဟု လည်း၎င်းကဆက်​ပြောသည်။

အလားတူဒေဝါလီခံသည့် ကုမ္ပဏီများလည်းတဖြည်းဖြည်းပိုများပြားလာသည်ဟု ၎င်းက​ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ စာရင်းဖျက်သိမ်းသည့် ကုမ္ပဏီများမှာတစ်လလျှင် ရာဂဏန်းမှ ထောင်ဂဏန်းအထိပင်ရှိလာသည်ဟု ကုမ္ပဏီမှတ်ပုံတင်ရေးဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

ကုမ္ပဏီများဥပဒေအရကုမ္ပဏီတစ်ခုဖျက်သိမ်းလျှင်ကြွေးမြီများကို အပြည့်အဝပြန်ပေးချေမည်ဟု ကျမ်းကျိန်လွှာဖြင့် ကြေညာချက်ထုတ်ပြန်ပြီး ကုမ္ပဏီဒါရိုက်တာများ၏ ဆန္ဒအရဖျက်သိမ်းနိုင်သည်ဟုသတ်မှတ်ထားသည်။ကြွေးမြီပြန် မဆပ်နိုင်​တော့ဘဲ လူမွဲစာရင်းခံယူပြီး ကုမ္ပဏီဖျက်သိမ်းပါက ၂၀၂၀တွင်ပြဌာန်းသည် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအတိုင်း ဆောင်ရွက်ရခြင်းဖြစ်သည်။

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများက လုပ်ငန်းများ ရပ်ဆိုင်းပြီး၊လုပ်ငန်းကြီးအများစုက ဒေဝါလီခံ(လူမွဲစာရင်း)ခံယူလာခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ဒီနှစ်ဆန်းလောက်ထိတော့အားလုံးထိန်းပြီးလုပ်ငန်းလည်ပတ်ပါသေးတယ်။ အခုက ဘယ်လိုမှ မဖြစ်လို့ လုပ်ငန်းရပ်တန့်လိုက်ကြတာ”ဟုအထက်ပါလုပ်ငန်းရှင်က​ပြောသည်။

နိုင်ငံအတွင်းငွေကြေးဖောင်းပွခြင်း၊ နိုင်ငံခြားငွေကြေး ထိန်းချုပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊လျှပ်စစ်မီးမမှန်ခြင်း၊ဖုန်းနှင့်အင်တာနက်အသုံးစာရိတ်များမြင့်တာလာခြင်းနှင့် စက်သုံးဆီဈေးမြင့်တက်လာခြင်းစသည်တို့ကြောင့် လုပ်ငန်းအများစုမှ ရပ်တည်ရန် ခက်ခဲလာသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

သို့​သော်စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ဇူလိုင်လတွင်းကုမ္ပဏီအသစ် ၉၀၀ကျော်မှတ်ပုံတင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်ကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်လျော့နည်းနေဆဲဖြစ်သည်။ ထိုအပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီပေါင်း ​ခြောက်သောင်းဝန်းကျင်ရှိပြီးနိုင်ငံခြားကုမ္ပဏီအများစုမှာ မြန်မာနိုင်ငံမှပြန်လည်ထွက်သွားပြီး ထွက်ခွာ​နေကြဆဲဖြစ်​ကြောင်းစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကသိရသည်။

အာဏာသိမ်း​ခေါင်း​ဆောင်က လာမည်​ခြောက်လအတွင်းစီးပွား​ရေးတိုးတက်​အောင်လုပ်မည်ဟု ယခင်အပါတ်က​ပြောကြားခဲ့​သေးသည်။ သို့​သော်ပြည်တွင်းတွင်​ငွေ​ကြေး​ဖောင်ပွမှု ၊ အလုပ်အကိုင်ရှားပါမှု ၊စီးပွား​ရေးလုပ်ငန်းအများစု​အ

လုပ်မ​ကောင်းဘဲစီးပွား​ရေး​နှေး​ကွေး​လေးလံ​နေမှု ၊မီးပျက်ပြီး မီးမမှန်ဘဲ ​ဒေါ်လာ​ဈေးတက်​သော​ကြောင့်သွင်းကုန်များ​ဈေးကြီးကာကုန်ထုတ်လုပ်မှုကြီးမြင့်ကာကုန်​ဈေးနှုန်းတက်မှု ၊ အညာတွင်စစ်တပ်ကရွာများကိုလိုက်လံမီးရှို့ပြီး အကြမ်းဖက်​နေသဖြင့် ​တောင်သူများစိုက်ပျိုး​ရေးမလုပ်နိုင်မှု၊လာဘ်​ပေးလာဘ်ယူပြသာနာပိုမိုကြီးမားလာမှု စ​သောပြသာနာ​ပေါင်းများစွာကြုံ​နေသည်။

1 Comment

1 Comment

  1. דירה דיסקרטית ברמת גן

    07/08/2022 at 12:26 ညနေ

    Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ငြိမ်းချမ်းသော၊ ညီညွတ်သော၊ တန်းတူ၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတစ်ရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးမှာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပင်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

သတင်း

“အခုအချိန်မှာကားကုမ္ပဏီတွေလည်းဘာဆက်လုပ်ရမှန်း မသိကြဘူးဖြစ်နေတယ်။ အခုလို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပေးတော့ အခြေအနေတခုကို သုံးသပ်လို့ရသွားတာပေါ့”ဟု ကားဝယ်ယူရန် စရံပေးထားသူတစ်ဦးကပြောသည်။

သတင်း

GHF အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က အောင်မဂ်လာစစ်ဆင်ရေးခေါင်းစဥ်ဖြင့် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရေတပ်ဝန်းစစ်ဆေးရေးဂိတ်နှင့် ဒေါပုံမြို့သစ်ရပ်ကွက်မှ စစ်ကောင် စီတပ်၏ နှစ်ထပ်ဘန်ကာတို့ကို ဖောက်ခွဲတိုက် ခိုက်ခဲ့သည်။