Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ
ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ

ပြည်တွင်း၌ ဆေးဝါးများပြတ်လပ်လာပြီးနောက် ဆေးဝါးလုပ်ငန်းရှင်များကို ​ပြည်ပမှဆေးတင်သွင်းရန်စစ်ကောင်စီကဒေါ်လာထုတ်မပေးဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုမည်ဟု ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ယမန့်က ထုတ်ပြန်လိုက်သည်။

ဒေါ်လာရှားပါးလာခြင်းကြောင့် ပြည်ပမှတင်သွင်းရ​သော အခြေခံဆေးဝါးများရှားပါးလာသဖြင့် ဆေးကုမ္ပဏီအချို့သည်ဆေးဝါးရောင်းချမှုကိုရပ်နားထားရသည်ဟု ဆေးကုမ္ပဏီ အရောင်းဝန်ထမ်းအချို့က​ပြောသည်။

စစ်ကောင်စီက ဒေါ်လာများရသမျှစုပြီး ပုဂ္ဂလိကမှ​ဒေါ်လာစီးဆင်မှုကိုပိုမိုထိန်းချုပ်​နေ​သော​ကြောင့်ပြည်ပသွင်းကုန်များကို ရပ်တန့်သွားသလို ပြည်ပမှ​ဆေးဝါးများအဓိကတင်သွင်း​ရောင်းချ​​နေ​သော ဆေးဝါး​ဈေးကွက်တွင်လည်း​ဆေးဝါးများရှားပါးလာခြင်းဖြစ်သည်ဟုဆေးဝါးတင်သွင်း​ရောင်းချ​သောလုပ်ငန်းရှင်များကပြောသည်။

ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ
ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ

ယခုအခါ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်စစ်ကောင်စီထံနိုင်ငံခြားငွေဝယ်ယူခြင်းမပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် ငွေလွှဲပါက တင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ကိုယ်ပိုင်အစီအစဉ်ဖြင့်တင်သွင်းမည့်ကုမ္ပဏီများကိုအသင်းက စာရင်းပြုစု၍ စစ်ကောင်စီ ထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနကို တင်ပြပေးမည်ဟု ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကဆိုသည်။

“ဒေါ်လာဈေးက မငြိမ်တော့ ကုမ္ပဏီဘက်ကဆေးတင်သွင်းတာရပ်ထားတယ်။ရှိတဲ့ဆေးကိုပဲထိန်းရောင်းပေးနေရတယ်။ဆေးအများစုကတော့ ပြတ်နေပြီ”ဟု ရန်ကုန်မြို့အခြေစိုက် ဆေးဝါးဖြန့်ဖြူးနေသည့်ကုမ္ပဏီတစ်ခု အရောင်းမန်နေဂျာတစ်ဦးကပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ဆေးဝါးဈေးနှုန်းများမှာလည်းပိုမိုမြင့်တက်နေသည်။

“သူတို့ဘက်က Import လိုင်စင်(သွင်းကုန်လိုင်စင်)ချမပေးတော့ ဈေးတွေတက်တာ။ လိုင်စင်က ၃ လ တဖြတ်ချချပေးတာအခုမချပေးတော့ ကုမ္ပဏီတွေက အရောင်းပိတ်တာ”ဟု ဆေးဝါးတင်သွင်း​ရောင်း​ချ​နေ​သောကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင်ဆေးဝါး​ဈေးနှုန်းများမှာ ၂၀ ရာခိုင်နှုန်းအထက်မြင့်တက်နေပြီး ကင်ဆာကဲ့သို့သော အရေးကြီးဆေးဝါးများကိုပင် စစ်ကောင်စီက တင်သွင်းခွင့်မပြုကြောင်းအထက်ပါကုမ္ပဏီပိုင်ရှင်က​ပြောသည်။

“အမေက နာတာရှည်ရောဂါသည်မို့ ပုံမှန်ဆေးသောက်ရတာ။ အခုက ဈေးတွေတက်ပြီး ဝယ်မရလည်းဖြစ်နေတယ်”ဟုရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆေးဂိုထောင်အများသည်လည်း အရောင်းပိတ်ထားပြီးလက်ရှိဒေါ်လာဈေးအရဆေးဝါးဈေးနှုန်းများထပ်မံမြင့်တက်နိုင်​ကြောင်းဆေးဝါးလုပ်ငန်းရှင်များကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

KIA၊ PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့သည်မိုးမိတ်မြို့နှင့်လေးမိုင်ခန့်အကွာရှိစင့်ကင်ရွာတွင် ဇူလိုင် ၂၁ရက် နံနက်မှ ညအထိ တစ်​နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

ပေါက်ကွဲမှုဖြစ်ချိန်မှာ လမ်းသွားလမ်းလာ သံဃာတစ်ပါးလည်း ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရပါတယ်။

သတင်း

ယခုတိုက်ခိုက်မှုပြုလုပ်မည့် စစ်ရေးစ်ရှင်ကို ပြီးခဲ့သည့်ရက်ပိုင်းကတည်းကပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်းဒလန်သတင်းပေးမှုကြောင့် ပစ္စည်းများပြန်သိမ်းကာ နောက်တစ်ကြိမ်ထပ်မံပြင်ဆင်ခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

သတင်း

ပခုက္ကူ မှတက်လာသည့် ကား ၁၀၅ စီးပါ စစ်ကောင်စီယာဉ်တန်းသည်ဇူလိုင် ၂၀ရက်တွင်မင်းတပ်မြို့ ခလရ ၂၇၄ ထဲသို့ဝင်ကြပြီးနောက်ညပိုင်းတွင်စစ်ကောင်စီတပ်ကမင်းတပ်နယ်အနောက်ဘက်သို့လက်နက်ကြီးများပစ်ခတ်ခဲ့ရာ စုစုပေါင်း ၁၁ ချက်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။