Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို

ငြိမ်းချမ်းသော၊ ညီညွတ်သော၊ တန်းတူ၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတစ်ရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးမှာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပင်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို
စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး DPNS တောင်းဆို

လာမည့် ဩဂုတ် ၈ ရက်တွင် ကျရောက်မည့် (၃၄)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအ ရေးတော်ပုံနေ့ အထိမ်းအမှတ်သဘောထား ထုတ်ပြန်ခြင်းဖြစ်ပြီး အရေးတော်ပုံကြီးအတွင်း အသက်၊ခန္ဓာ၊ ဘဝများ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ မြန်မာပြည်သူအားလုံးတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစားတန်ဖိုးထားစွာ ဦးညွှတ် အလေးပြုကြောင်းဖော်ပြသည်။

လက်ရှိနွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပုံသဏ္ဌာန်မျိုးစုံဖြင့် တိုက်ပွဲဝင်နေကြသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးနှင့်အတူ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျရာတာဝန်ထမ်းလျက် အစွမ်းကုန်ပူးပေါင်းအားထုတ် ကြိုးပမ်းသွားမည်ဟု DPNS က ထုတ်ပြန်သည်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးဆိုင်ရာ ပြဿနာရပ်များကို ဒီမိုကရေစီနည်းကျ မှန်ကန်စွာ၊ ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရန် ငြင်းဆန်လျက် စစ်အုပ်စုသည် တဖက်သတ် အဓမ္မ အနိုင်ကျင့်ရန် အားထုတ်မှုများကြောင့် ခေတ်အဆက်ဆက်လူထုတိုက်ပွဲများနှင့် လက်နက်ကိုင်ခုခံစစ်များ ပေါ်ပေါက်ကြရခြင်းဖြစ်သည်ဟု DPNS က အခိုင်အမာယုံကြည်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။

သတင်း

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ပြစ်ဒဏ်စီရင်ခြင်းသည် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ဥပဒေမဲ့ လူသတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း DPNS က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။

သတင်း

GHF အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က အောင်မဂ်လာစစ်ဆင်ရေးခေါင်းစဥ်ဖြင့် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရေတပ်ဝန်းစစ်ဆေးရေးဂိတ်နှင့် ဒေါပုံမြို့သစ်ရပ်ကွက်မှ စစ်ကောင် စီတပ်၏ နှစ်ထပ်ဘန်ကာတို့ကို ဖောက်ခွဲတိုက် ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။