Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆူဇူကီးကားထုတ်လုပ်မှုရပ်ဆိုင်း၊ ကြိုတင်မှာထား​သောကားများလွှဲအပ်ချိန်ကိုမခန့်မှန်းနိုင်ဟုကုမ္ပဏီထုတ်ပြန်

“အခုအချိန်မှာကားကုမ္ပဏီတွေလည်းဘာဆက်လုပ်ရမှန်း မသိကြဘူးဖြစ်နေတယ်။ အခုလို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပေးတော့ အခြေအနေတခုကို သုံးသပ်လို့ရသွားတာပေါ့”ဟု ကားဝယ်ယူရန် စရံပေးထားသူတစ်ဦးကပြောသည်။

ဆူဇူကီးကားထုတ်လုပ်မှုရပ်ဆိုင်း၊ကြိုတင်မှာထား​သောကားများလွှဲအပ်ချိန်ကိုမခန့်မှန်းနိုင်ဟုကုမ္ပဏီထုတ်ပြန်
ဆူဇူကီးကားထုတ်လုပ်မှုရပ်ဆိုင်း၊ကြိုတင်မှာထား​သောကားများလွှဲအပ်ချိန်ကိုမခန့်မှန်းနိုင်ဟုကုမ္ပဏီထုတ်ပြန်

ပြည်တွင်း၌ ဂျပန်အမှတ်တံဆိပ် Suzuki မော်တော်ကားများ တပ်ဆင်ထုတ်လုပ်မှု ရပ်ဆိုင်းထားပြီး၊ကြိုတင်မှာယူထားသည့် ကားများကို လွှဲအပ်ရန် ကြန့်ကြာနိုင်ကာ အချိန်ကာလကိုလည်း ခန့်မှန်းပြောကြားနိုင်းမရှိသောကြောင့်လည်း Suzuki ကုမ္ပဏီဖြင့် အနူးအညွှတ်တောင်းပန်​ကြောင်းထုတ်ပြန်သည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်သည်ဟု Suzuki ကုမ္ပဏီထုတ်ပြန်ချက်တွင်ပါရှိသည်။

ကားထုတ်လုပ်မှုကို ရပ်ဆိုင်းသော်လည်း ကားပြုပြင်ထိန်းသိမ်းမှုများကို ဝန်ဆောင်မှုဆက်လက်ပေးမည်ဟုဆိုသည်။သို့သော်လည်း အကယ်၍ မမျှော်မှန်းနိုင်သည့်အခြေအနေများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ပါလျှင်လည်း Suzuki အား နားလည်ပေးကြပါရန်နှင့် ဆက်လက်အားပေးကြပါရန် မေတ္တာရပ်ခံအပ်သည်ဟု ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အခုအချိန်မှာကားကုမ္ပဏီတွေလည်းဘာဆက်လုပ်ရမှန်း မသိကြဘူးဖြစ်နေတယ်။ အခုလို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပေးတော့ အခြေအနေတခုကို သုံးသပ်လို့ရသွားတာပေါ့”ဟု ကားဝယ်ယူရန် စရံပေးထားသူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ဒေါ်လာစီးဆင်းမှုထိန်းချုပ်ခြင်းကြောင့်ပြည်တွင်း ကားတပ်ဆင်ထုတ်လုပ်နေသည့် ကုမ္ပဏီ ၁၁ ခုခန့်မှာ ကားထုတ်လုပ်မှုရပ်ဆိုင်းသွားခြင်းဖြစ်သည်။

ထိုထဲတွင် နာမည်ကျော်ကားကုမ္ပဏီများဖြစ်သည့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီး (Suzuki)၊ နစ်ဆန်း Nissan၊ ကိုရီးယားကားကုမ္ပဏီ KIA၊ ဟွန်ဒိုင်း၊ အမေရိကန်အခြေစိုက် FORD ကားကုမ္ပဏီ၊ တရုတ်ကားကုမ္ပဏီများ ဖြစ် သော SouEast၊ BAIC နှင့် JETOUR စသည့် ကားကုမ္ပဏီများပါဝင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုရီးယား Hyundaiကား ကုမ္ပဏီကမြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်တွင်စတင်ဝင်ရောက်ခဲ့ပြီးပြည်တွင်းဈေးကွက်အတွက် Accent ၊ Sonata ၊ Reina ၊ Creta ၊ Tuscon စသည့် ကားအမျိုးအစားကို ထုတ်လုပ်နေခြင်းဖြစ်သည်။

သတင်း

Mercury Online Shopping မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအာကာမိုးကိုကိုသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၉ရက်တွင် ရေဝေးသုဿာန်၌ ဂူးသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။

သတင်း

စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

သတင်း

ဒေသခံနှင့်ပြည်သူလူထုကို ဘေးအန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဥ်ပေးရန် အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းကြောင်း ​ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။