Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့ပေါ် စစ်ကောင်စီကင်းတဲတစ်ခု တိုက်ခိုက်ခံရပြီး တပ်သား တစ်ဦးသေ

ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-Depeyin PDF
ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-Depeyin PDF

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းတဲတစ်ခု ပစ်ခတ်တိုက်ခိုက် ခံရပြီး အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ်၈ရက်) နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က ဒီပဲယင်းမြို့ အနောက်ကွက်သစ်ရှိ စစ်ကောင်စီ၏ကင်းတဲတစ်ခု ၀င်ရောက် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ထိုကင်းသည် ဒီပဲယင်းမြို့တွင် နေ့စဥ်​ခရီးသွား ပြည်သူများကို ငွေကြေးအဓမ္မခြိမ်းခြောက်တောင်းယူနေသည့် ကင်းတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ဆင်ရေးအား မည်သည့်အဖွဲ့က ပြုလုပ်သွားသည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့် ပတ်သက်၍ ထပ်မံအတည်ပြုနိူင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း သတ်ဖြတ်ထားကာ နေအိမ် ၁၅၀ကျော် မီးရှို့ဖျက်ဆီး ခံထားရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။

သတင်း

သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည့် သင်္ဘော ၆စီးသည် ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက် လာသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။

သတင်း

"ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး" ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။