Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့တွင် အရပ်သားနှစ်ဦးကို PDFဟု စွပ်စွဲပြီး ပျူစောထီးများက သတ်ဖြတ်

ထိုသို့ပစ်သတ်ပြီး ညနေပိုင်းတွင် အဆိုပါ တံတားအနီးမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် ပျူစေထီးများက ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ ခိုးယူသွားသည်ဟု တမူးမြို့ခံများက ပြောသည်။

တမူးမြို့
တမူးမြို့

စစ်ကိုင်းတိုင်း တမူးမြို့ ပါဟဲတံတားထိပ်တွင် အပြစ်မဲ့အရပ်သားနှစ်ဦးကို PDFများဟု စွပ်စွဲပြီး စစ်ကောင်စီတပ် လက်ပါးစေပျူစောထီးအဖွဲ့က ပစ်သတ်သွားကြောင်း တမူးမြို့ခံများက ပြောသည်။

တမူးမြို့ မြို့မရပ်ကွက်ရှိ ပါဟဲတံတားထိပ်တွင် အဆိုပါ အရပ်သားနှစ်ဦးကို ယမန့်(ဩဂုတ်၇ရက်) နံနက် ၈နာရီခွဲခန့်၌ ပျူစောထီးအဖွဲ့က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ပစ်သတ်ပြီး ညနေပိုင်းတွင် အဆိုပါ တံတားအနီးမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် ပျူစေထီးများက ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ ခိုးယူသွားသည်ဟု တမူးမြို့ခံများက ပြောသည်။

“အသတ်ခံရတဲ့ လူလတ်ပိုင်း နှစ်ဦးပဲ။ ဦးခေါင်းကို တည့်တည့်ပစ်သွားတာ။ ဘာကြောင့်သတ်လဲတော့မသိဘူး၊ညပိုင်းတော့ အဲ့နားက အိမ်တွေကို ပတ်မွှေနေတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အရပ်သားနှစ်ဦးကို PDFဟု စွပ်စွဲပြီး လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံးများ သိမ်းဆည်းရမည်ဟု စစ်ကောင်စီဘက်က ဝါဒဖြန့် ထားသော်လည်း ၎င်းတို့သည့် သာမန်အရပ်သားဖြစ်သည်ဟု တမူးမြို့ခံများက ပြောသည်။

ထိုအတူ တမူးမြို့ မာန်မော်ကျေးရွာအနီးတွင်လည်း အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ် ၂ ရက်တွင် သတ်ဖြတ်ခဲ့သေးသည်။ ၎င်းသည် အင်ဒိုင်းရွာသားတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ကာ မာန်မော် ကျေးရွာတွင် အလောင်းစွန့်ပစ်ထားခြင်းဖြစ်သည်။

ထိုပြင် ဇူလှိုင် ၃၁ ရက်ကလည်း စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးမောင်မြင့် ကို တမူးမြို့ (၁၂) ရပ်ကွက်ရှိ ဂျူးစံ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေစဉ် ပျူစောထီးများက ပစ်သတ်ခဲ့သေးသည်။ ဇူလိုင် ၁၄ ရက်ကလည်း တမူးမြို့၊နန်းဖာလုံရပ်ကွက်မှ ပြည်သူတစ်ဦးကိုလည်း ပျူစောထီးများက ပစ်သတ်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သတင်း

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်​ကောင်စီတပ်စခန်းတွင်ခြေမြန်တပ်ရင်း(ခမရ) ၁၁၉ တပ်ရင်း၊ပုသိမ် ကြီး ၊ တမ ၃၃ တပ်ရင်းတို့အထိုင်ချ​ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ပြည်သူ့စစ်များ​သေဆုံးမှုများပြီးလက်နက်ခဲယမ်းမျာစွာသိမ်းဆည်းရမိ​ကြောင်းလည်း ​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။