Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားပြီး လက်နက်များ အသင့်ပြင် ထားသည့် စစ်ကောင်စီသင်္ဘော(၆)စီး ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာ

သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည့် သင်္ဘော ၆စီးသည် ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက် လာသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။

(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားပြီး လက်နက်များအသင့်ပြင် ထားသည့် စစ်ကောင်စီ သင်္ဘော (၆)စီးသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ထုတ်ပြန်သည်။

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် သြဂုတ်လဆန်းကတည်းက ဆိပ်ကမ်းကပ် ထားသည့် စစ်ကောင်စီသင်္ဘောများသည် ယနေ့(သြဂုတ် ၈ရက်) စတင်ထွက်ခွာ လာ​ခြင်းဖြစ်သည်။

သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည့် သင်္ဘော ၆စီးသည် ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက် လာသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။

(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်၏ ရေယာဥ်အုပ်စုကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

သင်္ဘောများ၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားကြောင်းနှင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေးသည်။

အထက်ပါ စစ်ကောင်စီသင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက တောင်းဆိုထားသည်။

စစ်ကောင်စီသည် ချင်းတွင်းနှင့်ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ စစ်ကိုင်းတိုင်း နှင့်ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်နေသည်။ မြစ်ကြောင်းတလျှောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီရေကြောင်းကို ကြားဖြတ်တိုက်ခိုက်ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။

သတင်း

ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး" ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။