Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်မြို့နယ်အတွင်း ဆက်ကြေးကောက်ခြင်း ရပ်တန့်ရန်နှင့်ကောက်ခံထားပြီးသော ငွေကြေးများကို မူလပိုင်ရှင်များထံအမြန်ဆုံးပြန်လည်ပေးအပ်ရန် ရှမ်းနီတပ်ဖွဲ့(SNA)အား မြို့နယ်(ပကဖ) သတိပေး

ရှမ်းနီတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီးဖောင်းပြင်နှင့်ဗန်းမောက်မြို့နယ်မှ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသလို လူထုထံမှ ဆတ်ကြေးအဓမ္မကောက်ခံနေသည်ဟုလည်း ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဗန်းမောက်မြို့နယ်အတွင်း ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းကို ရပ်တန့်ရန်နှင့်ကောက်ခံထားပြီးသော ငွေကြေးများကိုမူလပိုင်ရှင်များထံ အမြန်ဆုံးပြန်လည်ပေးအပ်ရန် ရှမ်းနီတပ်ဖွဲ့(SNA)အား ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတိပေးထုတ်ပြန် သည်။

အထက်ပါ အကြောင်းအရာကို ” ပြင်းထန်စွာသတိပေးပါသည်”ဟုဆိုကာ ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ဇူလိုင် ၆ရက်ညတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA)သည် ဗန်းမောက်မြို့ပေါ်နှင့် ကျေးလက်ဒေသများအတွင်းရှိ လုပ်ငန်းရှင်များ၊ ဈေးဆိုင်များနှင့် ပြည်သူလူထုအပေါ် ငွေကောက်ခံနေသည်ဟု ထောက်လှမ်းသိရှိရကြောင်း၊မြို့ပေါ်တွင်ငွေကောက်ခံခြင်းလုပ်ငန်းကို အောင်ကမ္ဘာသိန်း(AGBT) စားသောက်ဆိုင်နှင့် ROYAL GOLDEN CITY HOTEL တို့၏ တာဝန်ရှိသူများမှ လက်ခံပေးနေကြောင်း သိရှိထားသည်ဟု ဆိုသည်။

“ပြည်သူများအားနှိပ်စက်ညှင်းပန်းခြင်း၊ မတရားငွေတောင်းခံခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း စသည်တို့ကို ပြုလုပ်သည့် အဖွဲ့အစည်းမှန်သမျှအား အာဏာရှင်မင်းအောင်လှိုင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဟု သတ်မှတ်၍ ပြည်သူ့ ဘုံရန်သူစစ်ကောင်စီနှင့် တန်းတူသတ်မှတ်ကာ ပြည်သူများ၏ဆန္ဒအတိုင်းဆောင်ရွက်သွားမည်”ဟု ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတိပေးထားသည်။

ရှမ်းနီတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီးဖောင်းပြင်နှင့်ဗန်းမောက်မြို့နယ်မှ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသလို လူထုထံမှ ဆတ်ကြေးအဓမ္မကောက်ခံနေသည်ဟုလည်း ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

” ရှမ်းနီတပ်ဖွဲ့က တော်တော် ဆိုးလာတယ်။PDF တွေနဲ့ ဆက်စပ်မှုရှိမရှိ ပြည်သူတွေကို သူတို့က လိုက်စစ်ဆေးနေတယ်။ အခုဆိုရင် ဗန်းမောက်နယ်အထိပါ ချဲ့ထွင်လာတယ်”ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်-SNA(ဒေသအခေါ် ရှမ်းနီတပ်ဖွဲ့)သည် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းကာ လူထုအား အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်နေသည်ဟု စစ်ကိုင်းနှင့်ကချင်ပြည်နယ်မှ ဒေသခံများက ပြစ်တင်ဝေဖန်သည်။

ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရှမ်းနီတပ်ဖွဲ့သည် ဖောင်းပြင်နှင့်ဗန်းမောက်မြို့အပြင် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူလိုက်ပါကာ လူထုနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တိုက်ခိုက်နေသည်ဟု ကန့်ဘလူမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော် - ဗန်းမောက် ကားလမ်းကို ယနေ့ (ဇွန်လ၂၄ရက် )နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

News

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် လှုပ်ရှားသည့် SNAသည် ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်းမရှိ၍ ဒေသခံများက ပြစ်တင်ဝေဖန်ခံနေရသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မကြာသေးမီကလည်း SNAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ခန္တီးမြိုပေါ် လူထုထံမှ ဆက်ကြေးကောက်ရာမှ အဝေမတည့်ဖြစ်ကာ တိုက်ပွဲဖြစ်ခဲ့သည်။

News

"မနက် အစောကြီးကတည်းက ပြိုတာ။အနည်းဆုံး အမျိုးသားလေးယောက်ပါသွားတယ်ပဲ သိရတယ်။ရဲတွေရောက်လာတော့ ကျွန်တော်တို့လဲ မနေတော့ဘူး"ဟု နမ်းလိမ်ကာကျေးရွာသားတစ်ဦးက ပြောသည်။