Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံမြို့နယ် ဒုံသမိတံတားဂိတ်အား KNU/PDF ပူးပေါင်းတပ် တိုက်ခိုက်

စစ်ကောင်စီ ဝါဒဖြန့်သတင်းဌာနအချို့က ဒုံသမိ ဂိတ် တိုက်ခိုက်ခံရမှုကို ဖော်ပြထားရာ KNU/PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် အပါအဝင် ရဲသုံးဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့ပြီး သေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNLA)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNLA)

▪️စစ်ကောင်စီ၏ လက်နက် ၅လက်ရဟု နယ်မြေခံတပ်မှူးပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ဒူးရင်းဆိပ်ရွာအနီး ဒုံသမိတံတားဂိတ်ကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိပြီး လက်နက် ၅လက် ရရှိခဲ့ကြောင်း ဒေသခံနှင့် KNLA တပ်မှူးက ပြောသည်။

ယနေ့ (ဇွန်လ ၁ရက်) နံနက်အစောပိုင်း၌ အဆိုပါ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဒုံသမိဖြစ်စဉ်ကတော့ အကြမ်းဖျဉ်းတော့ သိတယ်။ လက်နက်တော့ ၅လက်ရတယ်။ ထိခိုက်ဒဏ်ရာကတော့ စာရင်းမရသေးဘူး”ဟု KNLA တပ်မှူးက ပြောသည်။

ထို့ပြင် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်း၊ ကျည်များ၏ ဓာတ်ပုံမှတ်တမ်းကိုလည်း KNLA တပ်မှူးက ပြသခဲ့သည်။

Public Service Announcement
Public Service Announcement

ဒေသခံတစ်ဦးကလည်း ယနေ့ ဒုံသမိတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က ၇ဦးခန့်သေဆုံးသည်ဟု ကြားရကြောင်းပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းဌာနအချို့က ဒုံသမိ ဂိတ် တိုက်ခိုက်ခံရမှုကို ဖော်ပြထားရာ KNU/PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် အပါအဝင် ရဲသုံးဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့ပြီး သေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာန၏ ဖော်ပြချက် တွင် KNU/PDF ပူးပေါင်းအဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ဒုံသမိတံတားရှိ ဘန်ကာများ၌ နေရာယူ ၍ ပြန်လည် ပစ်ခတ်နေစဉ် ဒုံသမိတံတား (မွန်ဘက်ခြမ်း)၌ မော်တော်ယာဉ် ၁စီး အချိန်ကိုက်ရောက်ရှိလာပြီး ယာဉ်မောင်းမှာ မော်တော်ယာဉ် ကို တံတားအဝင် ဘယ်ရီဂိတ်အနီး ရပ်တန့် ထားရှိ ထွက်ပြေးသွားကြောင်း၊ အဆိုပါ ယာဉ်သည် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ကရင်ဘက်အခြမ်းတွင်လည်း မော်တော်ယာဉ် တစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။